အပိုင်း ၁၂

474 57 0
                                    

အပိုင်း ၁၂ - ကပ်တွယ်နေတဲ့ အကောင်ပေါက်လေး ()

ယဲ့ချင်းသည် ဤနေရာသို့ သူမဘာသာသူ ရောက်လာသော ကြောင်ကလေးကို ကြည့်ကာ သူမ၏ ထမင်းဘူးကို ပြန်ကြည့်လိုက်သည်။

ဘူးကို ပြောင်ချောနေသောစတီးဖြင့် ပြုလုပ်ထားပြီး စုစုပေါင်း လေးဆင့်ရှိသည်။ အပေါ်ဆုံးအဆင့်သုံးဆင့်လုံးသည် အရံဟင်းများဖြစ်ပြီး အောက်ဆုံးအဆင့်သည်တော့ ထမင်းပူပူလေးဖြစ်သည်။

သူမသည် သုံးဆင့်ရှိ ဟင်းပွဲများကို စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု ချထားပြီးဖြစ်သည်။ ၎င်းတို့မှာ တို့ဖူးနှင့် ငါးခူ၊ ဝက်နံရိုးဟင်းနှင့် ဟင်းသီးဟင်းရွက်တစ်ပန်းကန်ဖြစ်သည်။ အရွက်ပန်းကန်တွင် အစိမ်းတစ်ဝက်နှင့် ခရမ်းသီးတစ်ဝက်တို့ ပါဝင်လေသည်။*

ထိုဟင်းပွဲများအပြင် သီးခြား ထုပ်ပိုးထားသော ခရမ်းချဉ်သီးနှင့် ကြက်ဥစွပ်ပြုတ်*လည်း ပါရှိသေးသည်။

ထမင်းဘူး၏ အပူထိန်းခြင်းသည် အလွန် ကောင်းမွန်ပြီး ဟင်းပွဲများအားလုံးသည် ပူနေလျက်ရှိနေသေး၏။ အခန်းတွင်းရှိ အလင်းရောင်အောက်တွင် အငွေ့တလူလူကိုပင် မြင်တွေ့နိုင်ပြီး အရသာရှိလှသော ရနံ့များနှင့်အတူ လူတိုင်းကို သွားရည်ကျစေနိုင်သည်အထိပင်။

ယဲ့ချင်းသည် တူကို ညင်သာစွာ ကိုက်လိုက်သည်။ သူမညစာ၏ မွှေးပျံ့နေသည့်ရနံ့ကို ရှူရှိုက်ကာ ရွာရှိ ကြောင်များအားလုံး ဤကဲ့သို့အနံ့ခံအာရုံကောင်းသလားဟုပင်သူမ တွေးမိလိုက်သည်။

သူမသည် သူမ၏ နေ့လည်စာဘူးကို ဖွင့်ရုံမျှသာရှိသေးပြီး ကြောင်လေးသည် သူမ၏နေရာကို ရှာတွေ့ပြီးဖြစ်သည်။

သို့သော် ဤကြောင်လေးသည် တစ်စုံတစ်ဦး၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ပုံရပြီး ကောင်းမွန်သည့် အကျင့်လက္ခဏာများရှိနေသည်။ ၎င်းသည် ထိုနေရာလေးမှာပင် ထိုင်နေလျက် သူမ၏ အစားအစာများကို ကြည့်နေသော်ငြား ခိုးကြောင်ခိုးဝှက်စားဖို့ရန် ရည်ရွယ်ချက် မပြလာပေ။

သုမ၏ ကြည်လင်နေသော မျက်လုံးတစ်စုံဖြင့်သာ ယဲ့ချင်းကို ကြည့်နေပြီး အကြိမ်အနည်းငယ်လောက် သနားစဖွယ် တမြှောင်မြှောင် အော်မြည်နေရှာသည်။
အစာတောင်းနေခြင်း ဖြစ်တန်ရာ၏။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now