2.

829 215 18
                                        

Unicode:

" ဂျောင်ဂုရေ....မထသေးဘူးလား ကျောင်းနောက်ကျလိမ့်မယ်နော် "

ဂျီမင်းရောက်ပြီး တစ်လလောက်အကြာမှာပဲ ဂျောင်ဂုနဲ့ဂျီမင်းရဲ့ဆက်‌ဆံရေးဟာ သိပ်ကိုတိုးတက်လာပြီ။ အရာရာမှာအပျင်းကြီးပြီး ဇွတ်တရွတ်လုပ်တတ်တဲ့ ဂျောင်ဂုဟာ ဂျီမင်းနဲ့မှပဲ အဆင်ပြေတော့‌သည်။

အရင်က အိပ်ရာထနောက်ကျလွန်းလို့ ခဏခဏကျောင်းနောက်ကျခဲ့ရပေမယ့် ဂျီမင်းရောက်လာပြီးနောက်ပိုင်းမှာ ဂျီမင်းက မနက်တိုင်းအချိန်မှန်မှန်လာနှိုးပေးတတ်တာမို့ ကျောင်းနောက်ကျတဲ့နေ့တွေဆိုတာ တဖြည်းဖြည်းနဲ့ရှားလာသည်အထိ။

အရင်ကလည်း ဆူဇန်ကအချိန်မှန်မှန်လာနှိုးပေးတတ်ပေမယ့် ဂျောင်ဂုကတော့ ဂျီမင်းနဲ့မှစကားနားထောင်ပြီး နှိုးတိုင်းချက်ချင်းထတတ်တာလေ။

အစားအသောက်ဆိုလည်း အသီးအရွက်ကို သေအောင်မုန်းတဲ့ဂျောင်ဂုက ကျန်းမာရေးကောင်းအောင်ဆိုပြီး အသီးအရွက်စုံအောင်စားတတ်တဲ့ဂျီမင်းကြောင့် သူကိုယ်တိုင်အသီးအရွက်တွေလိုက်စားတတ်နေပြီ။

ဂျီမင်းကလည်း ဂျောင်ဂုစားရမခက်လေအောင် သီးစုံတန်ပူရာကြော်လေးတွေလုပ်ပေးပြီး ရအောင်ကျွေးသေးတာ။ တစ်ခါတလေ ဂျောင်ဂုကို ကျောင်းကကန်တင်းမှာမစားခိုင်းပဲ သူကိုယ်တိုင်စီစဉ်ပေးတဲ့ အစုံအလင်ပါတဲ့ထမင်းဘူးလေးကိုပဲ စားစေသေးသည်။ ထမင်းဘူးလေးကိုတော့ နေ့တိုင်းစီစဉ်ပေးတာမဟုတ်သော်လည်း တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်ကတော့ ပုံမှန်ဖြစ်မည်။

" နသန်လည်း ဂျီမင်းလေးရောက်လာတော့မှ မာမီ့ကိုတောင် မလိုတော့ဘူး " ဟု ဆူဇန်ကလည်း ခဏခဏပြောတတ်သည်။ အဲ့လိုအပြောခံရတိုင်း ဂျောင်ဂုက တဟီးဟီးနဲ့ပြုံးဖြီးနေတတ်သလို ဂျီမင်းကလည်း ရှက်ပြုံးလေးပြုံးတတ်သေးသည်။

ပြီးတော့ ဂျီမင်းရောက်လာပြီးမှပဲ နသန်နဲ့ သူ့ဒယ်ဒီရဲ့ ရန်ပွဲတွေလည်းရှားသွားတော့သည်။ ဂျီမင်းက လူကောင်းလေးမို့ နသန့်ကိုကြိုးစားပြုပြင်ပေးနေသလိုပဲလို့ ဒန်နီရယ်က ခဏခဏပြောတတ်သည်။ နသန် ဆိုးတယ်ဆိုတာကလည်း ပြန်မပြော နားမထောင်တတ်တာလေးနဲ့ ဝီရိယမရှိတာလေးပဲမို့ ဂျီမင်းရဲ့ တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲပေးနေတာလေးက နသန့်အတွက်တော့ တော်တော်လေးအကျိုးရှိသည်။

My Old Cardigan || KM // COMPLETED Where stories live. Discover now