" သားမင်းကိုအဖေပြောထားတယ်လေဘာပြု
လို့သွားရတာလည်းပြောစမ်း...မင်းအကိုတောင်မသွားဘူး
သွားမယ်ဆိုလည်းအဖေ့ကိုပြောသွားလေ ဘာလဲအဖေ့ကိုမခန့်တာလား "" မဟုတ်ပါဘူးဖေဖေရယ် သားကိုဖေဖေမသွားခိုင်းမှာဆိုးလို့
ခိုးပြီးသွားရတာပါမခန့်လို့မဟုတ်ပါဘူးဖေဖေရယ် နောက်သားမသွားတော့ဘူးနောက်နေ့မသွားတော့ဘူးနော်ဖေဖေ "" အေးမင်းကတိမင်းတည်နော် "
" ဟုတ်ဖေဖေ "
ကျွန်တော်လည်းပဲဖေဖေကိုတောင်းပန်ပြီးတော့အိပ်ခန်းထဲဝင်သွားပြီးကိုယ်ရေလက်ရေသပ်လိုက်တော့တယ်ကိုကိုကလည်းထမင်းစားဖို့လာခေါ်လိုက်တော့တယ်
" ခမ်းလေးရေ လာထမင်းစားမယ် "
" ဟုတ်ကိုကိုလာမယ်ခနလေး ခမ်းလာခဲ့မယ် "
" အေးအေး "
ကျွန်တော်လည်းကိုကို ကိုပြောပြီးထွက်လာလိုက်တော့တယ်
" လာခမ်းလာသာကြီးရော "
" ဟုတ်ဖေဖေ "
ကျွန်တော်တို့နှစ်ယောက်လုံးခေါင်းညိမ့်ပြီးဟုတ်ကဲ့လို့ပြောလိုက်တယ်
" ရော့ဒါကဖေဖေအတွက် ရော့ဒါက ကိုကို အတွက် "
" အမလေးလိမ္မာလိုက်တဲ့ခမ်းလေး အဲ့ကြောင့်ဒီအဖေနဲ့အကိုရဲ့ချစ်မဝလေးဖြစ်နေရတာ "
" ပိုပြီကိုကိုတို့ကတော့ အိမ်ထောင်ကျသွားရင်တော့လားကျွန်တော်ကိုချစ်ပါတော့မလား "
" ချစ်ပါသတ့ဗျာအဲ့ကောင့်လည်းကိုကိုကခမ်းလေးကိုချစ်နေမှာပါ "
" ဟုတ်ပါပြီ "
၁ပတ်ခန့်ကြာသော်
ကြာပန်းဆိုတဲ့မြို့အုပ်မင်းရဲ့အိမ်တော်တွင်တော့" စိုင်းလုံ ငါစုံစမ်းခိုင်းထားတဲ့ ကိစ္စသိရပြီလား "
" သခင်လေးတောင်ပန်ပါတယ်ဗျာသူ့ရဲ့သတင်းကိုကျွန်တော်ရှာဆဲပါဗျာ "
" အေးသူ့ကိုတပတ်အတွင်းရအောင်ရှာခဲ့
မရှာနိုင်ရင်တော့မင်းကိုအလုပ်ထုတ်မယ်ကြားလား "" ဟုတ်... ဟုတ်ကဲ့သခင်လေးကျွန်တော်ရှာပါ့မယ် "
စိုင်းလုံကသခင်လေးအာဏာပိုင်ရဲ့စိတ်ကိုသိပြီး
သားသာသူက ဒါဆိုပြောပြိးရင်တကယ်လုပ်တဲ့သူမျိုးဒါကြောင့်သူသခင်လေးကိုတော့ကြောက်သည် ဒါပေမဲ့ အဲ့နေ့ညကမမလေးရဲ့အကြောင်းစုံစမ်းလို့အရပေဒါကြောင့်သူ အင်းလေးကန်ကိုတခေါက်သွားပြီးသူကြီးကိုမေးရ
မည်သာဖြစ်လေတော့တယ်
YOU ARE READING
" ချစ်လှစွာသောရန်သူတော် "
Romance" အင်းလယ်ကရွေကြာပန်း " " ကြာပန်းလေးနှစ်ပွင့်ဆိုင် " " ခူးမယ်လို့ကိုင်... မပိုင်တဲ့မောင်မို့ " " အင်းလယ်ကရွေကြာပန်း " " မကြီးရယ် လှမ်းလို့မရ " အချစ်မှာမျက်စိမရှိဘူးဆိုပေမဲ့မင်းဘဝမှန်ကိုငါသိလိုက်ရတော့မင်းကိုငါမုန်းတယ်