Part - 4

291 17 0
                                    

"နန်းယုံ"

"ဟင်...မြို့အုပ်မင်း...ဘာကိစ္စနဲ့ဘုရားကိုရောက်လာတာလည်းမြို့အုပ်မင်းရဲ့..."

"ဒီလိုပါပဲ...ဦးဇင်းကိုလျှောက်စရာရှိလို့အဲ့တာ
လာလျှောက်တာ...နန်းယုံ"

"ဪ...ဟုတ်ကဲ့ရှင့်...ဒါနဲ့ဒါကကျွန်မသူငယ်ချင်းစိုင်းနောင်တဲ့မနေ့ကမှရန်ကုန်ကပြန်ရောက်တာ..."

"ညီလေးစိုင်းနောင်တွေ့ရတာဝမ်းသာပါတယ်နော်"

"ဟုတ်ကဲ့မြို့အုပ်မင်းကျွန်တော်ရောတွေ့ရတာဝမ်းသာပါတယ်"

"ဒါနဲ့...စိုင်းနောင်နင်ငါ့ကိုပြောစရာရှိလို့ဆိုပြောလေ"

"ပြီးမှပဲပြောတော့မယ်နန်းယုံရေ..."

"အေးအေး...စိုင်းနောင်"

"အဲ့ဆိုနင်တို့စကားပြောကြလေငါသွားတော့မယ်"

"အေးအေးပြီးရင်ကျောင်းမှာပြန်ဆုံမယ်နော်"

"အေးပါငါသွားပြီနော်....
မြို့အုပ်မင်း ကျွန်တော်သွားပြီ"

"ကောင်းပါပြီဗျ..."

စိုင်းနောင်ထွက်သွားတော့...မြို့အုပ်မင်းလည်း
နန်းယုံကိုစကားစကားစပြောလာတော့တယ်

"နန်းယုံ"

"ပြောလေမြို့အုပ်မင်းရဲ့..."

"ကိုယ့်ကို...မြို့အုပ်မင်းလို့မခေါ်ပါနဲ့....
ကိုယ့်နာမည်ကအာဏာပိုင်..ပါ"

"အဲ့ဆိုဘယ်လိုခေါ်ရမလည်းပြောလေ"

"အာဏာလို့ခေါ်ရင်ခေါ်မခေါ်ချင်ရင်ပိုင်လို့ခေါ်လေ"

"အဲ့ဆိုပိုင်လို့ခေါ်မယ်လေနော်"

"နန်း​ယုံသဘောလေ...
ဒါနဲ့နန်းယုဲတို့ကရှမ်းအစစ်လားဟင်"

"ဟုတ်တယ်မြို့အုပ်မင်း...အဲ ပိုင်ရဲ့ "

တကယ်တော့နန်းယုံခမ်းတို့မိသားစုကဗမာစစ်စစ်တွေသာဖြစ်ကြတယ်သူတို့မိသားစုအကြောင်းတစ်ခုကြောင့်
နာမည်တွေကောလူမျိုးတွေကောပြောင်း
လိုက်တာဖြစ်တယ်

"နန်းယုံမှာမွေချင်းဘယ်နှစ်ယောက်ရှိလဲ
ကိုယ်သိလို့ရလား"

" ချစ်လှစွာသောရန်သူတော် "Where stories live. Discover now