အပိုင်း-၁၄

853 94 8
                                    

လက်တော့ပေါ်မှာပြေးလွှားနေတဲ့လက်ချောင်းနီနီကိုကြည့်ရင်း ဂျီဆူးသဘောတကျပြုံးမိပြန်ပါသည် ။မိနစ်နှစ်ဆယ်အတွင်းမှာ သူမဘယ်နှခါများတောင်ပြုံးပြီးတာလဲမသိတော့ ။အနားက ကိုယ်သင်းနံ့ကို ချစ်သည် ။ဒီပတ်ဝန်းကျင်တိတ်တိတ်ဆိတ်ဆိတ်ကိုလည်း ချစ်သည် ။ရှေ့ကကော်ဖီခွက်ကိုလည်း ချစ်သည် ။ခြေဖဝါးအောက်က မြက်ခင်းအတုကိုတောင်သူမချစ်သည် ။ဒီနေ့က ရင်ထဲမှာအချစ်တွေပြည့်နေတာများလား မြင်မြင်သမျှအကုန်ချစ်မိနေတာ ။အကောင်းမြင်မိနေတာ ။သဘောကျနေမိတာ ။

ကင်ဂျီဆူးဟာပြုံးပြုံးကြီးနဲ့ကို မေးထောက်ငေးနေတာ ။

"နီနီတို့မနက်ဖြန် မြေကွက်သွားကြည့်ရအောင်လေ ။အစ်မအဆင်ပြေတယ်မလား မနက်ဖြန် "

"အင်း နီနီ့သဘော "

အမြဲတမ်းကျွန်မ ကျွန်မနဲ့သုံးတက်တဲ့နီနီက ဒီနေ့တော့ စတွေ့ကားပေါ်ကဆင်းထဲက နီနီတဲ့လေ ။လွန်ခဲ့တဲ့နှစ်ရက်က L Groupရဲ့ CEOနဲ့တွေ့ဆုံပြီး အန်တီဟာ မာနိုဘန်မျိုးနွယ်နဲ့စပ်တူလုပ်တဲ့ပရောဂျက်ကိုလက်ခံသည် ။ပရောဂျက်တာဝန်ခံကနီနီဆိုတော့ သူမအန်တီကိုအကြိမ်ကြိမ်အာမခံတွေပေးပြီးမှ နီနီနှင့်အတူပူးပေါင်းမည့်ပရောဂျက်ကို ခွင့်ပြုချက်ရခဲ့တာ ။မဟုတ်လျှင် အန်တီကသူ့အတွင်းရေးမှူး ဂျိုဇန်ကိုလုပ်ခိုင်းမှာ ။

"အစ်မ ဗိုက်ဆာလား ။နီနီတစ်ခုခုလှမ်းမှာပေးမယ်လေ "

"တော်ပြီ အစ်မမုန့်တွေနဲ့ဗိုက်ကဝနေပြီ "

ဒီကော်ဖီဆိုင်လေးက နီနီပြောသလိုတကယ်ပင် ဆိတ်ငြိမ်ပြီး အေးအေးလူလူထိုင်ကာ ကျောင်သားတွေလည်း စာလုပ်နိူင် ။သူမတို့လို စီးပွားရေးလုပ်သူတွေအတွက်လည်း ဆွေးနွေးလို့ကောင်းသည့်နေရာလေးတစ်ခုပင် ။ကိုရီးယားမှာလည်း ဒီလိုမျိုးဆိုင်တွေရှိတာပဲကိုး ။

ပရောဂျက်က တန်ဖိုးနည်းအိမ်ယာဆောက်ဖို့ပင် ။အမှန်ပြောရလျှင် ဂျီဆူးအဲ့ဒီဘက်အပိုင်းတွေမှာသိပ်ပြီး မကျွမ်းကျင်သေး ။နားလည်တာတော့ နားလည်သည် ။သို့သော်အခုက နီနီဘဲလက်တော့တစ်လုံးနှင့် အလုပ်များနေတာ သူမကငုတ်တုတ် ။ကော်ဖီသောက်လိုက်မုန့်စားလိုက်နှင့် ဗိုက်ကပြည့်နေပြီ ။

When I meet my loveWhere stories live. Discover now