"အို... "
နံရံကိုအကာယူပြီးပုန်းနေရာမှ အနားရောက်လာတဲ့ကလေးမကို လီဆာခါးမှပွေ့ယူကာ နံရံမှာဆွဲကပ်သည် ။ပြီးနောက် နှုတ်ခမ်းတွေကို ဖိကပ်စုပ်နမ်းသည် ။ခုတလော သူမကအိမ်တော်ထိန်းချွဲနဲ့ ဒယ်ဒီမြင်မှာစိုးလို့ဆိုပြီး လီဆာနဲ့ကင်းကင်းနေတယ် ။
အိမ်ရဲ့တစ်ဖက်ခြမ်းမှာ တိုက်အသေးပမာထပ်ဆောက်တဲ့ဒယ်ဒီကြောင့်လည်း အိမ်မှာအလုပ်သမားများကာ လူဝင်လူထွက်များနေတော့ ယောင်းကသိပ်ကိုအနားမကပ်ခံစေချင်တာ ။ချစ်သူဖြစ်ပြီး တစ်အိမ်ထဲနေရတာတောင် လီဆာတို့က ဆင်ခြင်နေရတာနဲ့ တွဲနေတယ်လို့တောင် ဖီလ်းကမရဘူး ။
နှစ်ရက်လောက်သာ ဒီနှုတ်ခမ်းရဲရဲချိုချိုလေးတွေနှင့် ကင်းကွာရတာကို လီဆာနေမထိထိုင်မသာဖြစ်နေရတာ ။အောက်နှုတ်ခမ်းလေးကို အာတွင်းထဲဆွဲယူပစ်သည် ။
လက်တစ်ဖက်က ပန်းတွေကိုင်ထားတာကြောင့် ကလေးမက ကျန်တစ်ဖက်နှင့် လီဆာပါးကိုခပ်ဖွဖွကိုင်ကာ တွန်းနေသည် ။
"ကျစ်..ဘာလဲကွာ ။မင်းကအမြဲတမ်းအဲ့ဒီအတိုင်းဘဲ ကိုယ်နမ်းတာမကြိုက်ရင်လည်းပြော မနမ်းဘူး "
"မ မဟုတ်ပါဘူး ။ယောင်းကြိုက်ပါတယ် ။ခုဟာက တစ်ယောက်ယောက်မြင်သွားရင် အန်ကယ့်ကိုအားနာလို့ပါ ။အလုပ်သမားတွေလည်းရှိတယ်လေ "
"ကိုယ်က ဒီအိမ်ပိုင်ရှင်ပါ ။ကိုယ်နဲ့ယောင်းရဲ့ဆက်ဆံရေးကို ဒယ်ဒီသိသွားလည်း ကိုယ်ဘာမှမဖြစ်ဘူး ။ယောင်းအနေခက်မှာ စိုးလို့ကိုယ်ဆင်ခြင်ပေးတယ် ။ဒါပေမဲ့ကွာ ချစ်သူသာဖြစ်နေပြီး ဒီလိုကြီးနေရတာတော့ မမိုက်သေးပါဘူး "
"ဟို..ယောင်း ယောင်း
"မင်းကိုပြောလိုက်ရင် တဟိုဟိုနဲ့ ရည်စားက တစ်အိမ်ထဲမို့ ရိုရမယ်မှတ်တယ် ။ဟိုလူတွေ့မှာကြောက် ဒီလူတွေ့မှာကြောက်နဲ့ "
လီဆာဒေါသထွက်လာတော့ အော်ဟစ်သံထွက်လာသည် ။ခြံကကျယ်လို့သာ လီဆာတို့နှစ်ယောက်ရှိတဲ့ အိမ်နောက်ဘက်ကို တခြားအလုပ်သမားတွေနဲ့ အိမ်တော်ထိန်းချွဲတို့ မကြားတာ ။မသိဘူး ။ဒီတလော လီဆာအရမ်းကိုစိတ်တိုဆတ်နေသည် ။အထိမခံနိူင်သလိုမျိုး ကိစ္စသေးသေးလေးတောင်ဒေါသထွက် ရန်ရှာတက်သည် ။
YOU ARE READING
When I meet my love
Fanfictionလီလီ့ကိုချစ်တာက ဒဏ်ရာတွေများခဲ့တယ်ဆိုတောင် ကျွန်မက ကျေနပ်ပါတယ် ။အဲ့ဒီဒဏ်ရာတွေထဲမှာလည်း ကြည်နူးဖွယ်ရာတွေကပ်ပါနေတက်တယ်လေ ။ -ပတ်ချယ်ယောင်း-