အပိုင်း-၂၄

942 98 9
                                    

ဂျန်းနီကားကိုအမြန်မောင်းကာ တစ်နေရာသို့သွားရန်လောနေမိသည် ။အချိန်က ည၁၁ ကျော်ပြီကိုး ။
'တို့ဆီလာပေးလို့ရလား နီနီ 'ဆိုသည့်ကင့်အသံဟာ ဖုန်းထဲကနေတောင်မူးနေမှန်းသိသာလွန်းသည် ။မက်ဆေ့ထဲကျလာတဲ့ တည်နေရာကိုတကြည့်ကြည့်မောင်းနေရင်း လမ်းကြားလေးတွေထဲရောက်သွားသည်ကြောင့် မှန်ရဲ့လားကြည့်ရတာအမော ။

ရှေ့ကလမ်းအကွေ့မှာ ကားကိုကွေ့ချလိုက်တော့ တည်နေရာကဆိုဂျူဆိုင်မျက်နှာချင်းဆိုင်က ဆိုဂျူဆိုင်ကိုပြနေသည် ။ကားပေါ်မှဆင်းလိုက်ပြီး ထိုဆိုင်ထဲအမြန်ဝင်ရသည် ။အလုပ်လုပ်နေရင်း အစ်မကဖုန်းခေါ်လာသည်ကြောင့် ဂျန်းနီမျက်မှန်တောင်မချွတ်ခဲ့မိဘူး ။

ဆိုင်ရဲ့တောင်ဘက်ထောင့်ကစားပွဲခုံပေါ်မှာတွေ့ရတဲ့ အဝါရောင်ဆံပင်တွေကြောင့် မျက်မှန်ကိုလက်ညိုးဖြင့်ပင့်ကြည့်ရသည် ။အဲ့ဒီဆံပင်တွေကပဲ အစ်မဖြစ်နေတာကိုအတည်ပြုလိုက်တာပါ ။

"ကင်... ကင်"

စားပွဲပေါ်ခေါင်းငိုက်စိုက်ကျနေသည့်အစ်မကိုပခုံးကနေလှုပ်နှိုးတော့ တအင်းအင်းနှင့်ခေါင်းထောင်လာကာ ရှုပ်ပွနေသည့်ဆံပင်တွေကြားကနေထွက်လာသည့်နီရဲရဲမျက်နှာနှင့် အသဲပုံနှုတ်ခမ်းတွေ ။ထိုနှုတ်ခမ်းတွေကိုမြင်တော့ ဂျန်းနီအောက်နှုတ်ခမ်းအားခပ်ဆတ်ဆတ်ကိုက်ကာ လွန်ခဲ့တဲ့သုံးလေးရက်ကအထိအတွေ့တစ်ခုက အတွေးထဲရုတ်ချည်းဝင်လာသည် ။

"အင်း နီနီလား "

"ဟုတ်တယ် အစ်မ ။ပြန်ရအောင်နော် ညနက်နေပြီ "

ဆိုဂျူပုလင်းတွေက စားပွဲပေါ်မှာများသည် ။ငါးလုံးထက်တောင်ကျော်မည်ထင်သည် ။ဘယ်တုန်းတည်းက ထိုင်သောက်နေသည်မသိ ။အလုပ်ကိစ္စအရ လူကြီးတွေနှင့်တွေ့ဆုံပွဲပါတီတွေလည်း ဂျန်းနီအစ်မနှင့်တူတူတက်ဖူးသည်မို့ အစ်မရဲ့သောက်နိူင်စွမ်းlevelက ဂျန်းနီထက်အများကြီးသာသည် ။ပဲရစ်မြို့သူတစ်ယောက်အနေနှင့်တော့ အထွေအထူးမဟုတ်ပေမဲ့ ကိုရီးယားသူဖြစ်တဲ့ဂျန်းနီအတွက်တော့ အစ်မကိုဒီလောက်ထိမသောက်စေချင် ။

သောက်သမျှအကုန်ကိုရှင်းထားပေးခဲ့ပြီး ဆွယ်တာခရမ်းရောင်ပျော့တစ်ထပ်ထဲကိုသာဝတ်ထားသည့်အစ်မအား ဂျန်းနီကားဆီတွဲခေါ်ခဲ့ရသည် ။နွေဦးရောက်တော့မည်မို့ ဆောင်းတွင်းရဲ့နောက်ဆုံးရာသီဟာသိပ်ကြီးချမ်းမနေသော်လည်း သောက်ထားသည်ကြောင့် အစ်မမျက်နှာနုနုဟာနီရဲရဲအပျောက်တွေက ဟိုတစဒီတစနှင့် ။ခါးပတ်ကိုသေချာတပ်ပေးရသည် ။

When I meet my loveWhere stories live. Discover now