အပိုင်း-၃၀

989 118 19
                                    

ရှေ့ကကားအနက်ရောင်ကခြံဝန်းထဲဝင်သွားသည်ထိလီဆာ မျက်စိတဆုံးလိုက်ကြည့်မိသည် ။ယောင်းကအရင်က စံအိမ်မှာပဲ ။

လီဆာဒီစံအိမ်ရှေ့ကို ၃နှစ်အတွင်းအကြိမ်ပေါင်းမနည်းရောက်ခဲ့ဖူးသည် ။ခန့်ထည်နေတဲ့ ဖြူလွလွစံအိမ်ကိုကြည့်ရင်း ယောင်းကိုလွမ်းသည့်စိတ်တို့အားဖြေဖျောက်ခဲ့ရတာ ။ယောင်းကိုမတွေ့ခဲ့ရပေမဲ့ နည်းနည်းလေးတော့ အလွမ်းဒဏ်သက်သာပါရဲ့ ။

အခုတော့ယောင်းက ကိုရီးယားမြေမှာဆိုတဲ့အသိနဲ့တင် လီဆာနှလုံးသားကိုနွေးသွားတာ ။
နှုတ်ခမ်းပေါ်ကအပြုံးကမပျက်သည်ထိ သူစိတ်တွေမြူးနေတာ ။

"အရင်က ကလေးမလေးကလူကြီးဆန်လာလိုက်တာ "

လီဆာရင်ဘတ်ဘယ်ဘက်က ပေါက်ကွဲထွက်မတက်ခုန်နေတာ အခုထိမရပ်တန့်သေးတော့ လူကမောဟိုက်လာသလိုတောင်ဖြစ်နေပြီ ။
ကားထဲက ရေသန့်ဘူးအပြည့်ကို တစ်ဝက်ကျော်သည်ထိမော့သောက်ပစ်ရသည် ။ဒီညတော့ သူဒီစံအိမ်နားမှာကြာအုံးမည်ထင်ပါရဲ့ ။

🍂

ကုမ္မဏီထဲကထွက်လာတဲ့ စတိုင်ပန့်အညိုရောင်အရှည်နှင့် ခါးတိုအင်္ကျီအဖြူလေးဝတ်ထားသည့်ယောင်းကတမျိုးလေး စမတ်ကျနေ၏ ။
လက်ထဲကပန်းစည်းကိုတစ်ချက်နမ်းရှိုက်၍ လီဆာကားပေါ်ကဆင်းလိုက်ပြီး မတ်တပ်လေးရပ်ကာဟိုဒီကြည့်နေတဲ့ ယောင်းနားခြေလှမ်းတွေကိုလျောက်သွားလိုက်သည် ။

"ယောင်း "

သူ့ကိုမြင်တာနဲ့ဖျတ်ခနဲ့လက်သွားတဲ့မျက်လုံးတစ်စုံဟာ ခဏတွင်းမှာ ပုံမှန်ဖြစ်သွားသည် ။မျက်နှာနုနုလေးက မလိုက်ဖက်စွာတင်းမာထားတာ ။ယောင်းနားလာရမှာမဝံရဲပေမဲ့ လီဆာတစ်ခါလောက်တော့ ယောင်းကိုcongratulationလုပ်ပေးချင်လို့ အရဲစွန့်လာတာပါ ။

"ကိုယ် ယောင်းကိုပန်းစည်းလေးပေးချင်လို့ "

"ကျွန်မ မယူချင်ဘူး "

မျက်နှာတည်တည်လေးက နှလုံးသားကိုစူးခနဲ့ ။

"ကိုယ့်တို့စံအိမ်ကပန်းတွေယောင်း ။ယောင်းစိုက်ထားတဲ့နှင်းဆီပင်တွေလေ "

သူ့အပြောကိုယောင်းက အာရုံမရှိ ။လက်ကနာရီလေးကိုတလှည့်ကားလမ်းမဘက်ကိုတလှည့်ကြည့်နေ၏ ။လီဆာ ယောင်းနားထပ်တိုးသွားသည် ။အရင်လို ကိုယ်သင်းနံ့လေးကဖက်ထားချင်စရာကောင်းနေတယ် ။

When I meet my loveWhere stories live. Discover now