နိဒါန်း

1K 31 16
                                    

Unicode:

မိုးရာသီကို မကြိုက်ဘူး။
မိုးစက်သံတွေကို စိတ်ရှုပ်လှတယ်။
သို့ပေမဲ့ မိုးရာသီမှာ ဆုံတွေ့ခဲ့တဲ့ ရေစက်လှလှလေးကိုတော့ သူမြတ်နိုးသည်လေ...။

                              🍂🍂🍂

ဥတုရာသီသုံးခုထဲကမှ သူမကြိုက်လှပါဘူးဆိုတဲ့ မိုးရာသီမှာ ကျွန်တော်ဟာ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ အလောတကြီး ထွက်လာခဲ့တဲ့ နေ့လေးမို့ ကျွန်တော့်မှာ စလွယ်သိုင်းထားတဲ့ လွယ်အိတ်လေးကလွဲ ဘာအမိုးအကာမှ ပါမလာခဲ့ဘူး။ မိုးရွာလိမ့်မယ်လို့ မထင်ခဲ့တာလည်း ပါတာပေါ့။

စောင့်နေကျ ကားမှတ်တိုင်ရဲ့ အမိုးအောက်လေးမှာပဲ ကျွန်တော်ဟာ ဘတ်စ်ကားကို စောင့်မြဲစောင့်နေခဲ့တယ်။ အတန်ကြာ ကားကလည်း မလာ၊ မိုးဟာ ပိုပိုသည်းလာတဲ့အခါ ကျွန်တော့်မျက်နှာလေးဟာ ပြိုသထက် ပြိုလို့။ ကျောင်းနောက်ကျတော့မှာ စိုး၍ပင်။

ထိုစဉ် ခပ်အီအီအမွှေးနံ့ကြောင့် ဘေးဘီသို့ ကျွန်တော်ကြည့်လိုက်မိသည်။ လူတစ်ယောက်က အမိုးအောက်သို့ မိုးခိုရန် ဝင်လာခြင်းပင်။ သူ့လို ကားလာစောင့်တယ်ထင်ပါရဲ့။

ခပ်ဆွေးဆွေးမျက်ဝန်းညိုတွေကို ငေးမိတော့ ကျွန်တော့်ရင်ထဲ လှိုင်းကလေးတစ်ခု ဖြတ်ပြေးသွားသလိုပါပဲ။ မျက်ခမ်းအောက်က မှည့်နက်ကလေးကတော့ တစ်ဘဝစာ ငြိတွယ်ရာပေါ့လေ။ သို့ပေမယ့် ကျွန်တော်ငေးကြည့်မိတဲ့ အဲ့ဒီမျက်ဝန်းညိုတွေဟာ တစ်ချိန်မှာ ကျွန်တော့်ကို နာကျင်စေမယ့် လက်နက်တစ်စုံဖြစ်နေမှာကို ကျွန်တော်ကြိုသိခဲ့ဖို့ ကောင်းတယ်။

အချိန်တစ်ခုစောင့်ပြီးသွားသော်လည်း ဘတ်စ်ကားက မလာသေးသည်မို့ ကျွန်တော် တုန်တုန်ရီရီနှင့်ပင် ဘေးက အညိုရောင်ကုတ်အင်္ကျီနှင့်လူကို အချိန်မေးလိုက်တော့ ထိုလူက ဩရှရှအသံကလေးဖြင့် ပြန်ဖြေရှာတယ်။ ရှစ်နာရီခွဲပါတဲ့။

အဲ့လိုနဲ့ ကျွန်တော်တို့ကြားက လေထုဟာ တစ်ဖန်အေးစက်သွားပြန်တယ်။ မကြာမီ အစိမ်းရောင်ကားလေးတစ်စီးက သူတို့ရှေ့လာရပ်တယ်။ ဒီခေတ်မှာ ကားစီးနိုင်တယ်ဆိုတည်းက ဒီလူဟာ သူဌေးသားပဲ နေမှာပေါ့လေ။

𝐑𝐡𝐲𝐭𝐡𝐦 𝐨𝐟  𝐭𝐡𝐞 𝐑𝐚𝐢𝐧 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now