part 5

829 71 2
                                    

ကလေးတေဆေးထိုး၊လူကြီးတေဆေးခန်းလာပြကြနဲ့ သွန်းရူပါမိုးစက် တစ်ယောက်ဆက်တိုင်မနားရဘဲ ဖျားလေပြီ။

နေ့ဘက်ဆိုရင်အကောင်း ညဘက်ဆို depression က၀င်လေပြီ။

အခုလည်းဖျားတာ2ရက်ရှိနေပြီ။

မဂ်လာပါဆရာမကြီး
အေးကွဲ့။ဘာဖြစ်လို့လဲ သမီး။
သမီး နေမကောင်းလို့ ခွင့်တိုင်ချင်လို့ပါဆရာမကြီး။
ဟုတ်လား။ဆေးခန်းသွားပြပီးပလားကွဲ့။
ဟုတ်ကဲ့ပြထားတယ်ဆရာမကြီးရေ။
ဆရာမလေးက‌လည်း ဖျားနေတာ။တော်သေးတယ် ဆရာမလေးကကြည့်ပေးလို့။
ဘယ်ဆရာမလေးဆီသွားပြတာတုနါး သမီးက
သမီးတို့ဆေးလာထိုးတဲ့‌ဆရာမချောချောလေးလေ။
ဟုတ်လား။
အေးအေးသွားသွားပြန်နားတော့ာလေ သမီး။
ဟုတ်ကဲ့ဆရာမကြီး။သမီးသွားပြီနော်။

ကလေးမ ဖျားနေတယ်တဲ့လား။
အဲ့ကြောင့် တို့ဆီဖုန်းမဆက်တာဖြစ်မယ်။တို့ဘက်က အရင်ဆက်ရင်လည်း သူကအဖြေတောင်းတဲ့သူ တို့ကအဖြေပေးရမယ့်သူလေ။
ကဲပါ သူနေမကောင်းလို့ဆက်တာဘဲ။

တီ တီ
ဟဲလို အန်တီ။အဟွတ် ဟွတ်။
မင်း ဖျားနေတယ်ဆို။
ဟုတ်အန်တီ ဘယ်လိုသိလဲ။
ကဲပါ အခုကော မင်းဆေးသောက်ပြီးပလား။
ဟုတ်ကဲ့။ဘာစားချင်လဲ။အန်တီ လာပို့ပေးမယ်လေ။
ရပါတယ် အန်တီရဲ့။သမီးအဆင်ပြေပါတယ်။
အဲ့ဆိုလည်း ပြီးရောကွယ် ဒီက စားစေချင်လို့ပြောနေတာကို တကယ်ထဲ။
အန်တီရယ် ကျွန်တော်နေမကောင်းသေးဘူး။မချော့နိုင်သေးဘူးဗျ။စိတ်ကြည့်ဘဲ အန်တီအပျိုကြီးကလည်း။
တို့ အဲ့လိုမခေါ်နဲ့ မကြိုက်ဘူး။အန်တီဆိုအန်တီဘဲခေါ်။
ဟုပါပြီ အန်တီရှင့်။အဟွတ် ဟွတ်။
မင်း ချောင်းတေ အရမ်းဆိုးလှပါလား။
ဟုတယ် လည်ချောင်းတေတောင်နာတယ် အန်တီရေ။ဆေးတော့သောက်ထားပါတယ်။
အေးပါ။အဲ့ဆိုလည်း ဒါဘဲနော် ကလေးမ။တို့အလုပ်လုပ်လိုက်အုံးမယ်။
အန်တီ ကျွန်တော်ပြောထားတာ စဉ်းစားထားအုံးနော်
အမလေး နေမကောင်းတဲ့သူက ဒါမျိုးကျပြောနိုငိသေးတယ်နော်။
ဒါဘဲ ဒါဘဲ။

ဖုန်းချသွားသည်နှင့်တစ်ပြိုင်တည်း မိုးစက်တစ်ယောက်တော့ ရောဂါတစ်၀က်သက်သာနေလေပြီလေ။

ပါးတစ်ဘက် လျော်ကြေးWhere stories live. Discover now