part 6

756 68 1
                                    

မိုးစက်တစ်ယောက် နေလို့ကောင်းသွားပီမို့ ရေမိုးချိုးလိုက်တော့မှ လန်းဆန်းသွားတော့သည်။

သနပ်ခါး‌ပါးကွက်ကြားလေးလိမ်းကာ စာအုပ်တစ်အုပ်ဖတ်နေလိုက်သည်။

ဆရာမလေးရေ ဆရာမလေး

ဝေ့ ဘာလို့လဲဝေ့

ဆရာမ ကျွန်မအိမ်က အဘွားနေမကောင်းလို့ လိုက်ကြည့်ပေးနိုင်မလားဗျ။

ဒီကိုမလာနိုင်ဘူးလားရှင့်။

ဟုကဲ့ဗျ။

ဟုတ်ပြီလေ။အဲ့ဆို ကျွန်မလိုက်ခဲ့ပါ့မယ်။

ကိုယ့်ဆုင်ကယ် ကိုမောင်းခဲ့မယ်။ရတယ် ရတယ်။အိပ်သာ သယ်ခဲ့ပေး။

ဟုတ်ကဲ့ဗျ။

ဖြစ်ချင်တော့ သူမသွားကြည့်ရမယ့် အဘွားသည် အန်တီတို့ရွာဘက်သို့ဖြစ်နေသည်ပင်။

အဘွားအားကြည့်ရှူ့ပြီး အန်တီအိမ်သို့ ၀င်ရန် ဆုံးဖြတ်လိုက်သည်။

ဟဲလို အန်တီရေ၊မေမေလေးရေ

အော် သမီးလေး လာကွဲ့။ဘာကိစနဲ့။

အော် သမီးဒီဘက်က လူနာလာကြည့်ပေးတာ။‌ေမမေလေးတို့သတိရတာနဲ့ ၀င်လာလိုက်တာ။

ဟုတ်လား။ပဲရောက်လက်စနဲ့ မေမေလေးတို့နဲ့အတူ ထမင်းစားသွားချည်။

အဲ့လိုရရဲ့လား။ဒါနဲ့ အန်တီကော

ရေချိုးနေတုန်းနဲ့တူတယ်။အခုဆိုပြီးလောက်ပါပြီ။

ပြီးပါပြီမေမေ့ရဲ့။ဟက်က‌ေလးမ ဘာလာလုပ် ။

ထမင်းလာစားတာ မေမေလေးဆီကို။

ဘယ်သူက ကျွေးမယ်ပြောလို့။

အန်တီမကျွေးနေပေါ့ မေမေလေးကကျွေးမယ်တဲ့။

တို့မှ မကျွေးတာ။

မေမေလေး မကျွေးဘူးတဲ့ အန်တီက။ပြန်တော့မယ်။

ကဲ သမီးရယ် ကလေးကို စမနေပါနဲ့။

ကဲ လာလာ သွားစားကြမယ်။

မိုးစက်တစ်ယောက် မေမေလေးလက်ဆွဲကာ အန်တီအားလျှာလေးထုပ်ပြီး ပြောင်ပြလျက်။

သမီးလေး ထည့်စားနော်။

ဟုတ်ကဲ့ မေမေလေး။
သမီးဖြင့် ဒီလိုမေမေတို့နဲ့ မစားရတာကြာပေါ့။

ပါးတစ်ဘက် လျော်ကြေးWhere stories live. Discover now