part 11

736 71 1
                                    

အန်တီအား မိုးစက် ဖုန်းဆက်သော်လည်း အန်တီသည် မကိုင်ပါ။
ဒီလိုနဲ့သူမလည်း အန်တီ သူကြောင့်အနှောက်ယှက်ဖြစ်မှာစိုးသည့်စိတ်ကြောင့် မဆက်ဖြစ်တော့တာ၃ရက်မြောက်ရှိနေပြီ။

ဒီနေ့သူငယ်ချင်း မေသွန်းရတီမောင် လာမည်ဖြစ်၍ စောစောထကာ ပြင်ဆင်ချက်ပြုတ်နေရသည်။
ဧရာ၀တီတိုင်းမှာကျကတည်းက ငါးကြည့်စားနေရတဲ့ ကျွန်တော် ငြီးငွေ့သော်လည်း သူငယ်ချင်းမလာမည်ဖြစ်၍ ငါးကိုဘဲချက်ဖို့ဆုံးဖြတ်လိုက်သည်။သူမကငါးကြိုက်သည်ကို။လူနာလေးလာရင် ကြည့်ပေးလိုက်မီးဖိုချောင်လေးပြေး‌၀င်လိုက်နဲ့ အလုပ်ရှုပ်နေလေသည်။

...........

မေသွန်းရတီမောင်

  မေမေရေ သမီး ချစ်ဆုံးဆီသွားမလို့။

ဘာနဲ့သွားမှာလဲ ညည်းက။

ကားနဲ့ပေါ့မေမေရဲ့။ကိုင်တိုင်မောင်းသွားမှာ။

မဖြစ်ပါဘူးအေ။ဘယ်နှယ့်တစ်ယောက်တည်မောင်းရမှာလဲ။

ဟာမေမေကလည်း ရန်ကုန်နဲ့မအူပင် ဘယ်လောက်မှမဝေးဘူးမေမေကလည်း။သမီးတစ်ယောက်တည်းဖြစ်ပါတယ်။

ဖြစ်ရင်လည်းပြီးရော။ညည်းကိုစိတ်မချလို့ပြေယတာပါ။

စိတ်ချပါမေမေရယ်။ချစ်တယ်နော် မေမေ။သွားတော့မယ်။ချစ်ဆုံးမလေးစောင့်နေရတာကြာနေအုံးမဖြင့်။

အမလေး ညည်းလည်းနော် သူ့ကိုငါ့ထက်တောင်ပိုချစ်နေ။

ဟယ် မေမေကလည်း အဲ့လိုမပြောပါနဲ့။သူနဲ့သမီးကငယ်ငယ်ကတည်းက အတူနေအတူစားသောက်နေတာကို ချစ်တာထက် သံယောဇဉ်ပိုတာပါမေမေရဲ့။

အေးပါ။သွားမယ်ဆိုသွားတော့။

ဟုတ်ကဲ့မေမေ။

သူမ ကားလေးပေါ်တက်ပြီး သီချင်းအေးအေးကိုဖွင့် တငြိမ့်ငြိမ့်နဲ့မောင်းနှင်ခဲ့လေသည်။

သီချင်းလေးလိုက်ဆိုညည်းရင်း အမလေးတော့

တောက်စ်

ဒီမယ်ကလေး မင်းဘေးကိုသေချာကြည့်ပြီးမှ ဘောလူံးကောက်လေ။

တိုက်မိရင်သေသွားနိုင်တယ်။ဘာမှတ်နေလည်း။ပြောလိုက်ရင် ဟုတ်ကဲ့ဟုတ်ကဲ့နဲ့။တစ်ခုခုဆိုငါတို့ကားသမားကမှားတယ်ဖြစ်အုံးမယ်။

ပါးတစ်ဘက် လျော်ကြေးWhere stories live. Discover now