အခန်း(၁)

1.5K 44 7
                                    

𝙪𝙣𝙞𝙘𝙤𝙙𝙚

မြူးကြွဆူညံလှတဲ့ djအသံတွေကတံခါးတစ်ချပ်သာခြားထားသော ရုံးခန်းငယ်ထဲအထိပြန့်လွင့်နေပေမယ့်ထိုရုံးခန်းထဲနှင့်အခြေနေချင်းကမတူ။

"ကိုဂျာကြီး ကျွန်တော်တောင်းပန်ပါတယ်ဗျာ၊
အဲ့...အဲ့ဟာတော့မလုပ်နိုင်ဘူး"

"ငါလည်းအတင်းကြီးမတိုက်တွန်းချင်ပေမယ့်
မင်းအမေဆီကခွင့်ပြုချက်ရပြီးသွားပြီ၊
မင်းတို့အိမ်အခြေအနေတော့မင်းကအသိဆုံးဖြစ်မှာမလား"

"ဒါပေမယ့်...."

ကျွန်တော်မလုပ်ချင်ဘူး ဟူသောစကားကပြောရင်းတိမ်ဝင်သွားတဲ့ကောင်လေးကို ဧဒင်ကကြည့်ရင်းသက်ပြင်းသာချမိသည်။ရှေ့ကခပ်သေးသေးကောင်လေးကိုသနားပေမယ့်လည်းဒါဟာသူ့အလုပ်။သူတို့ Club က သူဌေးသား၊သမီးတွေကစလို့ လုပ်ငန်းရှင်တွေ၊နိုင်ငံရေးပိုင်းကအကြီးပိုင်းတွေထိလာတတ်တာမလို့ သူတို့လိုအပ်သမျှ မူးယစ်ဆေးကလွဲပြီး ယောက်ျားလေး၊မိန်းကလေးအကုန်ရသည်။

ဆွေးရင့်သာ ဆိုတဲ့ဒီကောင်လေးက waiter ပေမယ့်
ခပ်ပုံ့ပုံ့မျက်နှာဝိုင်းဝိုင်းလေးနှင့် ဖြူဖြူဥဥ သေးသေးလေး
ဖြစ်တာကြောင့် ဧည့်သည်တိုင်းက ထိုကောင်လေးကိုပဲ
တောင်းဆိုတတ်ကြ၍ သူ့မှာအခက်တွေ့ရသည်။အရင်က
တော့ စားနေကျကြောင်ဖားကြီးတွေမလို့ ဧဒင်ကပဲအမျိုးမျိုးကွေ့ပတ်ဖျောင်းဖျပြီးကာကွယ်ထားခဲ့တာဖြစ်သည်။အခုတစ်ခေါက်တော့ အရင်ထဲက ဧဒင်နဲ့လည်း အသိမိတ်ဆွေဖြစ်ပြီး ဒီကောင်လေးရဲ့အမေနေရာမှာရှိနေသူကပါ ရှိရင်ထည့်ပေးလိုက်ဆိုသည့် မညှာမတာတောင်းဆိုထားတာကြောင့် သူကတော့ သူ့အလုပ်သူလုပ်ပေးလိုက်ရုံသာတတ်နိုင်တော့သည်။

တော်သေးတာကဒီတစ်ယောက်ကအရင်လူတွေနဲ့တူပုံမရ။
ငယ်သေးပေမယ့် အရှိန်အဝါတစ်ခုခုရှိနေပုံပေါ်သည်။
လာနေကျဧည့်သည်မဟုတ်ပေမယ့် သူနဲ့အတူလာတဲ့လုပ်ငန်းရှင်တွေကတော့လာနေကျမလို့ မြင်ဖူးပြီးသားဖြစ်သည်။ထို့ကြောင့် လူငယ်ပေမယ့် ဒီလူလည်း လုပ်ငန်းရှင်တစ်ယောက်ယောက်ဖြစ်နိုင်သည်။ဒါပေမယ့် တဇွတ်ထိုး
နဲ့ခေါင်းမာမယ့်ပုံစံ။မူးနေတာကြောင့်လည်းပါမည်ထင်သည်။ဒီကောင်လေးကအဲ့လိုမဟုတ်ကြောင်းရှင်းပြပေမယ့် မရ ဆက်တိုက်ဒီကောင်လေးသာတောင်းဆိုနေသည်။

ရင်ဖြင့်ထွေး၍နွေးစေချင်သည်Where stories live. Discover now