𝙪𝙣𝙞𝙘𝙤𝙙𝙚
"ငါ့မျက်နှာကို အိုးမဲသုတ်ပြီးအခုမှဘာလို့ပြန်လာတာလဲ"
ဆွေးရင့်အိမ်ထဲဝင်သည်နှင့် ကြမ်းခင်းပေါ်တွင်
တင်ပျဉ်ခွေထိုင်နေကာ သူ့ကို ကြည့်နေသော အမေကြောင့် လှမ်းလက်စခြေလှမ်းများပင်တုံ့သွားမိသည်။ငြိမ်းလဲ့ကိုတော့မတွေ့ရ။ဒီအချိန်ဆို အိပ်လောက်ပြီထင်သည်။
သူအကို့နားထိုင်ကတည်းက အရင်ပြန်နှင့်ပုံရသည် ။
ဆွေးရင့်ပွဲထဲမှာလိုက်ရှာသေးပေးမယ့် မတွေ့တော့လို့ကိုယ့်ဘာသာပြန်လာခဲ့ရတာဖြစ်သည်။"မဟုတ်ပါဘူး..တောင်းပန်ပါတယ်"
"ဘာတောင်းပန်တာလဲ..နင်စပွန်ဆာထားနေတာဘယ်လောက်ကြာပြီလဲ ဟမ်..ငါတို့ကိုတော့ လျှိုထား
တယ်ပေါ့လေ.."မဟုတ်ဖူးလို့ သူ့မှာငြင်းချိန်မရှိ။
သူ(မ) က သူ(မ)ရဲ့ဝသီအတိုင်း ခုနစ်သံချီဟစ်နေတာမို့ တစ်ရပ်ကွက်လုံးပင်ကြားနိုင်လောက်သည်။တစ်ရပ်ကွက်လုံးကလည်းအမှောင်အတိကျလျက် ညဘက်မှအစာရှာထွက်သည့် ငှက်တို့အသံတို့ဖြင့်သာ ကြီးစိုးနေ၏။ အိပ်တဲ့ သူကလည်း အိပ်နေကြသလို မအိပ်သေးတဲ့သူတွေကလည်း ရန်ဖြစ်သံကို နားစွံ့ကာစပ်စုနေကြမည့် သူတွေချည်းသာ။
"လူကြည့်တော့ မခုတ်တတ်တဲ့ကြောင် လိုလိုနဲ့ ..."
ဘာမှပြန်မပြောပဲ ခေါင်းသာငုံ့ထားသည့် ဆွေးရင့်ကို
နှိမ့်နှိမ့်ချချကြည့်နေမယ်ဆိုတာ မော့မကြည့်လည်း
အသံနှင့်ပင်သိနိုင်သည်။"အမေ့...ကိုကြီးကိုမဆူပါနဲ့"
အမေ့အသံကြောင့် နိုးလာပုံရသည့် ငြိမ်းလဲ့က အခန်းထဲမှ
ထွက်လာပြီး ဆွေးရင့်ဘေးတွင်ရပ်ကာ လက်မောင်းကိုဖက်တွယ်၍ပြောလိုက်သောအခါ အမေကမျက်တောင့်နီဖြင့်
ကြည့်လာပြီး"ညည်းအသာနေစမ်း ငြိမ်းလဲ့...ဒီကောင့်ဘက်ကပါနေရအောင် ညည်းကိုလည်း ဒင်းကဘယ်လိုတွေဖြားယောင်းထားလဲ ...ဟမ်"
"အမေ့!..လွန်..လွန်နေပြီနော်"
ဆွေးရင့် ဖက်တွယ်ထားသောငြိမ်းလဲ့လက်ကိုဖြုတ်
လိုက်ပြီး တုန်ယင်နေသည့် အသံတို့ဖြင့်ဒေါသတကြီး
အော်ပစ်လိုက်သည်။ငြိမ်းလဲ့ဆိုတာ သူ့အတွက် အမြဲတမ်း ကာကွယ်ပေးချင်တဲ့ ညီမလေးတစ်ယောက်။
YOU ARE READING
ရင်ဖြင့်ထွေး၍နွေးစေချင်သည်
Romance-Burmese OC- လင်းဩတည် × ဆွေးရင့်သာ 《photo credit to artist nim》