အခန်း(၃)

511 41 7
                                    

                                𝙪𝙣𝙞𝙘𝙤𝙙𝙚

"ဟဲ့...ဒီနေ့ ငါတို့ကုန်တိုက်ကို CEOအသစ်
လာကြည့်မှာတဲ့ ကြားမိကြလား"

"အေးဟ..ငါလည်းကြားတယ်၊ ဥက္ကဌကြီးရဲ့သားဆိုလားပဲ"

"ဟယ် ချောလား ၊ ချောလား"

"ချောလား မချောလား လာခါမှကြည့်ကြ၊
သွား..ကိုယ့်အလုပ်ကိုလုပ် ၊ညည်းတို့ဖေဖေက
1st floor မှာရောက်နေပြီနော်"

အရောင်းဝန်ထမ်းအမတွေရဲ့ CEOအသစ်အကြောင်း
အပြန်အလှန်ဖောက်သည်ချနေခြင်းသည် မန်နေဂျာ
အပျိုကြှီး မသီ၏ စကားတစ်ခွန်းနဲ့တင် တိတ်သွားတော့သည်။ခဏနေရင် သူတို့ရှိရာ 2nd floorကိုတက်လာတော့မှာမလို့  ဘယ်သူမှ စကားမပြောရဲတော့။ဘယ်လိုပုံစံ ဘာညာမသိရသေးပေမယ့် အလုပ်ရှင် ရှေ့မှာတော့ ဘယ်သူမှ အမြင်စောင်းမခံချင်ကြဘူးမလား။

ဆွေးရင့်လည်း လုပ်နေမြဲအတိုင်း အဝတ်တွေကိုသာ
သေချာ စီနေလိုက်သည်။ကိုယ်က ဒီမှာအလုပ်ဝင်
တာမကြာသေးပေမယ့် ပြီးခဲ့အပတ်က အလုပ်ကပျက်ထား
သေးသည်မလား။ပြုတ်သွားလို့တော့မဖြစ်__အလုပ်က
နှစ်ခုလောက်ရှိမှ အိမ်စားရိတ်ရော ၊သူ့အဝေးသင်စားရိတ်ပါ
ကာမိမှာဖြစ်သည်မို့။ဒီမှာက  သူကလွဲ တစ်ဆိုင်လုံး မိန်းကလေးတွေချည်းပဲပေမယ့် အမတွေက သဘော
ကောင်းကျတာမလို့ အဆင်လည်းပြေသည်။

"ဟဲ့..ဖေဖေတော့မဟုတ်ဖူး ၊ကိုကိုဟေ့ ကိုကို"

"အမလေး..မျက်နှာတည်တည်လေးကချောလိုက်တာ"

"တစ်လတစ်ခါသာ ဒီမျက်နှာလေးမြင်ရရင် ဘယ်လောက်ပင်ပန်းပင်ပန်း အလုပ်မထွက်တော့ဘူးဟေ့"

ဆိုင်ကအမတွေ ထံမှခပ်တိုးတိုးစကားသံတွေထွက်လာ
တော့ ဆွေးရင့်လည်းအမတွေကြည့်နေသည့်နေရာသို့
လှမ်းကြည့်မိလိုက်တော့ နောက်မှာ ဝတ်စုံအနက်နဲ့
လူငါးယောက်လိုက်ပါလာသည့် စမတ်ကျတဲ့ခြေလှမ်း
တွေနဲ့ ထိုလူ။

အညိုရောင် jumpsuit ကို ခါးပတ်အနက်ရောင်ဖြင့်
တွဲဝတ်ထားသဖြင့် ခါးသိမ်သိမ်က‌ ရှည်လျားသော
ခြေတံတွေနဲ့လိုက်ဖက်စွာ။ခြေတစ်လှမ်း လှမ်းလိုက်တိုင်း
လှုပ်ခတ်သွားတဲ့ ခါးထက်မှ ငွေရောင်ချိန်းတို့ကလည်း
တစ်လက်လက်ဖြင့် တောက်ပနေကြသည်။အင်္ကျီဇစ်ကို
ရင်ဘက်ဖွေးဖွေးပေါ်သည်အထိပဲ အမြင်မရိုင်းစေပဲဖွင့်
ထားသောကြောင့် ကျယ်ပြန့်သောရင်အုပ်တစ်ပိုင်း တစ်စ
က ပလက်တီနမ်ကြိုးတို့ဖြင့် ပို၍ဆွဲဆောင်မှုရှိနေသည်။

ရင်ဖြင့်ထွေး၍နွေးစေချင်သည်Where stories live. Discover now