အခန်း(၂)

600 43 5
                                    

                         𝙪𝙣𝙞𝙘𝙤𝙙𝙚

Key card ဖြတ်သံအဆုံး ဖွင့်လှစ်ခြင်းခံလိုက်ရသော
တံခါးနောက်တွင် white theme ကိုသာသုံးထားသည့်
ဧည့်ခန်းကျယ်ထဲတွင် ‌ရှည်လျားလှသော လေးထောင့်ကျကျ
ဆိုဖာကြီးက နေရာယူထားသည်။ဧည့်ခန်းအဝင်နှင့် ဆန့်ကျင်ဘက်ထောင့်တွင်တော့ မီနီဘားလေးကိုပါထည့်သွင်းထား၏။ဖြူလွလွ အရာဝတ္ထုများအပေါ် wall lightများထံမှ ရွှေရောင်ဖျော့ဖျော့ အလင်းများကလည်း ဖြန့်ကျက်နေသေးသည်မို့ luxury ဆန်သည့် ထိုဧည့်ခန်းကျယ်သည် တလက်လက်တောက်ပနေတော့၏။

ထိုဧည့်ခန်းကျယ်ကို ဖြတ်ပြီးသည့်နောက် လင်းဩတည်
ရဲ့ အိပ်ခန်းကျယ်အတွင်းရှိ သဘာဝသစ်သားအရောင်နှင့်
Furniture များသည်White Theme နှင့်လိုက်ဖက်စွာ ရိုးရိုးရှင်းရှင်းပင်နေရာချထားသည်မို့ မြင်လိုက်ရရုံနှင့် တိတ်ဆိတ်ငြိမ်းချမ်းခြင်းကို ခံစားရစေသည်။

လင်းဩတည်က အဝတ်စားများကို မွေ့ယာပေါ်တွင်
ဖြစ်သလို ပစ်တင်ကာ ချွတ်ခဲ့လိုက်ပြီး ရေချိုးခန်းထဲသို့
တန်းသွားလိုက်သည်။ညကဆေးအရှိန်နဲ့ လူက နည်းနည်း
တော့ ပင်ပန်းသလိုလို နုန်းနေသည်မို့ ရေအမြန်ချိုးမှဖြစ်မည်။

သူတောင် ဒီလိုဖြစ်နေရင် ဆေးမိနေတဲ့ ယောက်ျား
တစ်‌ယောက်ဒဏ်ကို အလူးအလဲခံခဲ့ရသော ဟိုကောင်လေး
ဆိုရင် ဘယ်လိုနေမယ်မသိ။မေ့လို့...အဲ့ကောင်လေးအတွက်
ကရိုးနေလောက်ပြီပေါ့။

မျက်နှာသစ်ရန် ဘေစင်ရှေ့မှာရပ်လိုက်မိတော့ မြင်လိုက်ရ
သည်က ရင်အုပ်ပေါ်က အနီအစင်းရာများက ဘယ်ရော
ညာရော နှစ်ဖက်လုံးမှာ။သေချာပေါက် လက်သည်းရာတွေ။
မသင်္ကာ၍ နောက်ကျောဘက်ပါကြည့်လိုက်တော့ထိုအတိုင်း။ကျစ်...ယောက်ျားလေးဖြစ်ပြီး အဲ့လောက်
လက်သည်းပါရလား။

ထိုအရာတွေမြင်တော့ ညက သောင်းကျန်းခဲ့တာတွေက
ခေါင်းထဲမှာအစီအရီ။သူ့အောက်က ကောင်လေးကို
နောက်ကျောမှနေသိမ်းပွေ့ကာ တစ်ပတ်လှည့်လိုက်ပြီး
သူ့အပေါ်ကနေ လှုပ်ရှားစေတော့ ဖြည်းညှင်းစွာနဲ့
သူ့သဘောအတိုင်း နာခံခဲ့တဲ့ ကောင်လေးရဲ့ လက်တွေက
သူ့ရင်အုပ်ပေါ်မှာ ထောက်ထားလျက်သား။သူ့ပိုင်ဆိုင်မှုကို
တစ်ချက်ချင်း အလည်ခေါ်နေတဲ့ အဲ့‌ကောင်လေးကို
အားမရစွာ စိတ်ကြိုက်အောက်ကနေ ပစ်ဝင်မိတော့
သူ့ရင်ဘက်တွေပေါ်က လက်ကလေးတွေက တုန်ရင်စွာနဲ့
သူ့အရေပြားကို ကုတ်ခြစ်ခဲ့တာ။

ရင်ဖြင့်ထွေး၍နွေးစေချင်သည်Where stories live. Discover now