Ep - 3

1.6K 256 116
                                    

(Unicode)

Blind date ကအပြန်ရိပေါ်ပျောက်သွားသည်ကြောင့် ဝမ်မိသားစုမှာ ပွက်လောရိုက်လျက်ရှိသည်။

......

ရိပေါ်က သူ့ကို ပါပါးလို့ ခေါ်ကာ အနားကပ်နေတဲ့ ကလေးငယ်ကို သေချာကြည့်နေမိသည်။

ကလေးလေးကလည်း သူ့အနားကိုက မခွာတော့ပေ။ ခုမှကျောင်းကပြန်လာတာထင်သည်။ ကျောင်းဝတ်စုံတောင်မလဲရသေးပဲ ကုတင်ပေါ်တက်ကာ သူ့အနားကပ်နေသည်။

" ပါပါး "

ရှောင်ပေါင်းလေးက အရောင်လက်နေတဲ့ မျက်ဝန်းလေးတွေနဲ့ မျှော်လင့်တကြီး ရိပေါ်ကိုခေါ်လိုက်သည်။

သူ့မှာလည်း ပါပါးရှိကြောင်း မိဘများတွေ့ဆုံပွဲကျရင် ခေါ်လာမှာဖြစ်ကြောင်း သူငယ်ချင်းတွေကို အဝကြွားထားခဲ့သည်။

" ..... "

ရိပေါ်က မထူးသဖြင့် ရှောင်ပေါင်းလေးက ကူရာ ကယ်ရာမဲ့စွာဖြင့် ရှောင်းကျန့်ကိုကြည့်လိုက်သည်။

ရိပေါ်မှာ အရုပ်လေးတစ်ရုပ်လိုထိုင်နေသည်မှလွဲပြီး ဘာစကားမှမပြောပေ။

" ဒယ်ဒီ ပါပါးက စကားမပြောတတ်ဘူးထင်တယ် "

ရှောင်ပေါင်းလေးကြောင့် ရှောင်းကျန့်တင်သာမက ရိပေါ်ပါပြုံးမိသွားသည်။

ကလေးလေးက စကားတတ်ပြီး ချစ်စရာကောင်းတယ်လို့ထင်သည်။ ဒါပေမယ့် သူ့သားဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ပေ။ သူ့အတွေးထဲမှာတော့ သူ့လူပျိုညတောင် မနေ့ညကမှ ပျက်စီးသွားရတာဟု ထင်မှတ်နေသည်။

သားအဖနှစ်ယောက်လုံးက ရူးနေတာလို့ပဲထင်လိုက်သည်။ နှစ်ယောက်လုံးကို ရိပေါ်တစ်ခါမှ မမြင်ဖူးပဲ။

" သားခေါ်နေတယ် ထူးလိုက်လေ ပေါင်ပေ့ "

" ကျွန်တော့်သားမှ မဟုတ်တာ "

ရိပေါ်ရဲ့အပြောကြောင့် ရှောင်းကျန့်ရဲ့ မျက်နှာပေါ်က အပြုံးတွေလည်း ရုတ်ချည်းပျောက်ကွယ်သွားသလို သားသားကလည်း ငိုမဲ့မဲ့ဖြစ်လာသည်။

" ပါပါးက သားကို မသိဘူး ။ အီး "

ရှောင်ပေါင်းလေးငိုတာနဲ့ ရှောင်းကျန့်က ဒေါသထွက်လာ၏။ နေ့လည်ကလည်း သူတ်ို့အကြောင်းအနည်းငယ် ရှင်းပြထားပါလျက်နဲ့ မသိကျေးကျွန်ပြုနေသည်။

The Way I Still Love YouWhere stories live. Discover now