Ep - 6

2.2K 243 67
                                    

(Unicode)

ရှောင်းကျန့် စိတ်တိုင်းကျအတူနေပေးခဲ့ပြီး နောက်နေ့မှာ ရိပေါ်က အိမ်ခဏပြန်လာလိုက်သည်။ သိပ်မကြာတာကြောင့် သားကိုလည်း မနှုတ်ဆက်ခဲ့ပေ။ သားသားက အခုဆို ရိပေါ်ချော့သိပ်မှပဲ အိပ်တော့သည်။

ရှောင်းကျန့်က ရိပေါ်ကို အိမ်ရှေ့ထိပြန်လိုက်ပို့ပေးသည်။ ထို့နောက် စိတ်မချစွာ အမှာစကားတွေပါးနေပြန်သည်။

" တစ်ခုခုဆို ကိုယ့်ကို ဖုန်းဆက်လိုက်နော် "

" အင်းပါ "

" ကိုယ့်က်ို အနမ်းလေးပေးဦး "

ရှောင်းကျန့်က နှုတ်ခမ်းကြီးထော်လာတာကြောင့် ရိပေါ်လည်းဖြတ်ခနဲလှမ်းနမ်းလိုက်သည်။ ရှောင်းကျန့်က အားမရဘူးဆို၍ ကားထဲမှာတင် အနမ်းကြောဆက်နေကြသည်မှာအကြာကြီး။

" အွန်း.....တော်တော့ ။ အထဲဝင်တော့မယ် "

" အင်း .. လွမ်းနေတော့မှာ "

" အပိုတွေ "

ရှောင်းကျန့်က တကယ်ဝမ်းနည်းနေပုံပေါက်သည်။ ရိပေါ်က သူ့အိမ်မှာ ဘယ်နှစ်ရက်ကြာအောင် နေမယ်လို့ ရှောင်းကျန့်ကို မပြောပြထားပေ။

- The Way I still Love You -

ကားပေါ်က ဆင်းတာနဲ့ ခြံတံခါးမှာရှိတဲ့ ဘဲလ်ကိုတီးလိုက်သည်။

နှစ်လနီးပါး အကြာမှ ရိပေါ်က အိမ်ပြန်လာတာမို့ နည်းနည်းရင်တုန်နေသည်။ ဒီတစ်ခေါက်က ရှောင်းကျန့်အတွက် တရားမျှတမှုပေးဖို့ ပြန်လာတာပင်။

ရိပေါ်ပြန်လာသည်ကြောင့် တစ်အိမ်သားလုံး အိမ်ထဲက အပြေး ထွက်လာကြကာ ရိပေါ်ကို ပြေးကြိုကြသည်။

ဘွားဘွားကတော့ မသေကောင်းမပျောက်ကောင်းလို့ပဲ ရွတ်နေ၏။ မာမားနဲ့ပါပါးလည်း အပျော်လုံးဆို့နေကြသည်။ ပြီးတော့ တိုက်ဆိုင်သည်က ရိပေါ်ရဲ့ အချစ်ဦး ကုကျားဝေလည်း အိမ်ရောက်နေသည်။

ရိပေါ်ရဲ့ အပြုံးတွေက ကုကျားဝေ ကိုမြင်တာနဲ့ တစ်ခါတည်းပျောက်သွားကာ ရင်ဘတ်ထဲလှပ်ခနဲဖြစ်လာ၏။

ကုကျားဝေက ရိပေါ်ရှေ့ကပျောက်သွားတာကြာပြီ။ အထက်တန်းပြီးကတည်းက ကုကျားဝေ နိုင်ငံခြားကိုထွက်သွားတာဖြစ်သည်။ ကုကျားဝေက ရိပေါ်ထက် ငါးနှစ်ကြီးသည်။

You've reached the end of published parts.

⏰ Last updated: Nov 12, 2022 ⏰

Add this story to your Library to get notified about new parts!

The Way I Still Love YouWhere stories live. Discover now