Ep - 5

1.8K 248 104
                                    

(Unicode)

ရှောင်းကျန့်က ရိပေါ်ကို ဖုန်းအသစ်တစ်လုံးဝယ်ပေးသည်။ ရိပေါ်ရဲ့ ဖုန်းကိုတော့ သိမ်းထားလိုက်၏။ ရက်သတ္တပတ်အနည်းငယ်ကြာတော့ ရိပေါ်က သားသားက်ို ခပ်စိမ်းစိမ်းဖြစ်မနေတော့ပဲ နည်းနည်းခင်တွယ်လာပြီဖြစ်သည်။

သားသားကို ဂရုတစိုက်လည်းရှိလာသည်။

ရှောင်းကျန့်က ထူးထူးဆန်းဆန်း ဖုန်းအသစ်ဝယ်ပေးလာတာကြောင့် ရိပေါ်ကတောင်မေးလိုက်သေးသည်။ အိမ်ကိုဆက်သွယ်မှာမကြောက်ဘူးလားမေးတော့ မင်းသဘောပါတဲ့လေ။

အဲ့လိုကျတော့ လျစ်လျူရှုခံလိုက်ရသလို ခံစားလိုက်ရပြီး ရင်ထဲမှာနေလို့မကောင်းပေ။

ရိပေါ်က wechat ကို log in ဝင်လိုက်မိသည်မှာ ယခုအကောင့်မဟုတ်ပဲ ဟိုးအရင်က သုံးခဲ့တဲ့ အကောင့်ဟောင်းဖြစ်နေသည်။

မှတ်မိသည်မှာလည်း ထိုအကောင့်ရဲ့ mail နှင့် password ဖြစ်နေပြီးလက်က အလိုလို ရိုက်ထည့်မိသွားတာဖြစ်သည်။

" ဒါ ဘယ်တုန်းက အကောင့်ပါလိမ့် "

ရိပေါ်က အထူးတဆန်းရေရွတ်လိုက်၏။ ဟိုးအရင်တုန်းက mail နဲ့ password ကိုဘယ်လိုမှတ်မိပြီး ဘယ်လိုရိုက်ထည့်လိုက်တာလည်း ကိုယ့်ကိုယ်ကိုတောင်စဥ်းစားမရပေ။

လွန်ခဲ့တဲ့ ခုနှစ်နှစ်က မကြည့်ဖြစ်တဲ့ မက်ဆေ့ချ်တွေက တစ်သီတစ်တန်းကြီးကျလာသည်။ သူငယ်ချင်းတွေက သားသားမွေးလို့ ဂုဏ်ယူကြောင်းပြောထားတဲ့ မက်ဆေ့ချ်တွေပင်။

ပြီးတော့ wechat moment ထဲကိုဝင်ကြည့်လိုက်သည်။ ရှောင်ပေါင်းလေးမမွေးခင်ညက တင်ထားဟန်ရှိသည်။

သူ့ရဲ့ ဗိုက်ပေါ်ကို ရှောင်းကျန့်ရဲ့ လက်တစ်ဖက်ထင်ထားကာ သူက ရှောင်းကျန့်ရဲ့ ရင်ခွင်ထဲ မှီနေပုံဖြစ်သည်။

caption ကိုကြည့်လိုက်တော့ ရင်ပေါ်ရင်ထဲ အမည်မဖော်နိုင်တဲ့ခံစားချက်တွေက ဖြတ်သန်းသွားသည်။

"မနက်ဖြန်ဆ်ို သားသားလေးက လူ့လောကကို ရောက်လာတော့မယ်။ ကြိုဆိုပါတယ် ရှောင်ပေါင်းလေး " ဟူ၍ ရေးထားသော caption ပင်။

သူငယ်ချင်းတွေကလည်း ဂုဏ်ယူကြောင်း ရေးထားတဲ့ comment တွေအများကြီးရယ် သားလေးကြီးလာရင် ယောက္ခမတော်ချင်ပါတယ်ဆိုတဲ့သူနဲ့ ၊ သူ့အဖေလို ဘတ်စကတ်ဘောနည်းပြလုပ်မှာလားမေးထားတဲ့သူနှင့် ။

The Way I Still Love YouWhere stories live. Discover now