Ep - 1

2.9K 266 69
                                    

(Unicode)

မူလတန်းကျောင်း ဝတ်စုံဝတ်ထားတဲ့ ကလေးလေး တစ်ယောက်က ဒယ်ဒီဟု အိမ်ပေါ်ကနေ အသံအကျယ်ကြီးအော်လျက် ပြေးဆင်းလာသည်။

"ထူအုပ်စု" ရဲ့ ဒုတိယ ခေါင်းဆောင် ရှောင်းကျန့်ရဲ့ တစ်ဦးတည်းသောသားလေးပင်။

ရှောင်းကျန့်က သူ့ဆီအပြေးလာနေတဲ့ သားလေးကို လှေကားအောက်ကနေ ပြေးဖမ်းလိုက်၏။

" မှောက်လဲကုန်တော့မယ် ။ ဒယ်ဒီ သားကို မပြေးရဘူးလို့ ပြောထားတယ်မလား "

ကလေးလေးက ခေါင်းငြိမ့်လိုက်ပြီး နှုတ်ခမ်းတစ်ထော်ထော်နဲ့ ပြောလေတော့သည်။

" သားသားမွေးနေ့ရောက်တော့မှာနော် ဒယ်ဒီ "

" အင်း "

မူလတန်းတောင်တက်နေပြီဖြစ်တဲ့ သားသားကို ရှောင်းကျန့်က သေချာကြည့်လိုက်သည်။ နောက်ရက်အနည်းငယ်ဆို ခုနှစ်နှစ်တောင်ပြည့်ပြီ။ သားသားက သူ့ပါပါးနဲ့ တစ်ပုံစံတည်း။ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ဘဲဥပုံမျက်နှာကျလေးကအစ တစ်ထပ်တည်းတူသည်။

" ပါပါးကို ဘယ်တော့တွေ့ရမှာလဲဟင် "

သားသားက လက်လေးတွေအချင်းချင်းပွတ်ချေပြီး မဝံ့မရဲမေးလာတာကြောင့် ရှောင်းကျန့်က သက်ပြင်းချလိုက်၏။ သားသားက သူ့ကိုမွေးပေးတဲ့ အဖေကို မမြင်ဖူးတာ မွေးကတည်းကဖြစ်သည်။

" မကြာခင်တွေ့ရမှာပါ "

မရေရာတဲ့ရှောင်းကျန့်ရဲ့စကားက်ို သားသားက အလိုမကျဟန်နဲ့ မျက်နှာလေးက မဲ့ပြီး ခြေဆောင့်ချင်လာသည်။

သိတတ်စအရွယ်ကတည်းက "မာမားရော ဘယ်မှာလဲ" လို့မေးတတ်တဲ့ သားသားလေး။ သူ့ကိုမွေးထားတာ ယောကျာ်းတစ်ယောက်ပဲလို့ပြောပြလိုက်တဲ့အခါ သူ့ပါပါးကိုတွေ့ချင်ပါတယ်ဆိုပြီးတောင်းဆိုလာပြန်သည်။ ယခုနှစ်နဲ့ဆို သူ့ပါပါးကိုတွေ့ချင်တယ်လို့ပြောတာ နှစ်နှစ်မြောက်။

(ဤကမ္ဘာတွင် ယောကျာ်းများလည်း ကလေးမွေးနိုင်သည်)

" ဒယ်ဒီ ! "

သားသားက ငိုမဲ့မဲ့လေးနဲ့ ရှောင်းကျန့်ကိုကြည့်နေ၏။ သားသားလည်း သူ့ပါပါးကို အရမ်းတွေ့ချင်နေတာဖြစ်သည်။ ပါပါးကို ဒယ်ဒီပြသည့် ဓာတ်ပုံထဲမှာပဲမြင်ဖူးသည်။

The Way I Still Love YouWhere stories live. Discover now