အပိုင်း(၇)Z

68 3 0
                                    

"ညကျောင်းတက်ရတာလည်း ပျင်းစရာကြီးဟာ စာကြီးပဲကျက်နေတာ မမိုက်ပါဘူး"

"ညကျောင်းခေါ်တာ စာကျက်ဖို့ပဲခေါ်တာကို စာကျက်ရမှာပေါ့ ဆုမြတ်ရဲ့"

"သိဘူးဟာ ၂နာရီလုံးနေ့တိုင်းစာကျက်နေရတာ ပျင်းလာပြီ ကျူရှင်မှာလည်း ကျက်ရကျောင်းမှာလည်းကျက်ရနဲ့ တခြား ဝိုင်းတွေလည်းကြည့်ဦး ပျင်းပြီး ငိုက်တောင်နေကြပြီ"

အဆုတို့ညကျောင်းတက်နေကြတာ နှစ်ပါတ်လောက်ရှိပြီဖြစ်သည် အစတော့ အဆုက စာကျက်လိုက် ဆော့လိုက် စကားလေးပါလေးပြောလိုက် အဲလိုရမယ်ထင်ပြီး ပျော်‌တာပေါ့

ဘယ်ဟုတ်မလဲ ဆရာမက အားကြိုးမာန်တက် ခုံတွေဆိုမျက်နှာချင်းဆိုင် နှစ်ခုံပူးပြီး ၅ယောက်တစ်ဝိုင်းစီနဲ့ စာကျက်ခိုင်းတာဖြစ်သည်။

ပြီးတော့ ဆရာမက အရှေ့မှာထိုင်စောင့်နေတာ အဆုတို့ဝိုင်းမှာဆိုရင် ချမ်း ရွှေရတု တိုးဇော် မင်းခန့် ပြီးတော့ အဆု

မင်းခန့်ကလည်း လူများရင်စကားကသိပ်မပြော၊ ရတုဆိုတာကလည်း စာကျက်ရင်ကျက် မကျက်ရဲ့မင်းခန့်ကိုပဲ ငေးနေတာ အဆုသိသား

ချမ်းနဲ့ တိုးဇော်ဆိုတာကလည်း စာပဲလုပ်နေကြတာ အခုတောင် ဆရာမ အပြင်ခဏသွားလို့ စကားပြောနေရခြင်းပင်

"ချမ်း ငါ ဟိုကောင်တွေဝိုင်း ခဏသွားလိုက်ဦးမယ်"

"ဘယ်လို့သွားမလို့လဲ အဆု"

"ဟမ်!!!! ငါပြောတာချမ်းကိုလေမင်းခန့် နင်ကဘာလို့ပြန်မေးတာလဲ"

"ဘာလဲ ငါမေးလို့မရဘူးလား"

ဟွန့် နေ‌ရာတကာသူ့စိတ်ကြီး အရင်ကဆို အဆုကို အလျှော့ပေးသလိုနဲ့ အခုကျ အဆုကို နိုင်နေလိုက်တာများ အဆုကလည်း သူ့ကိုဆို ဘာလို့များ သူများတွေကို ပြန်ပြောသလို မပြောနိုင်တာလဲ မသိပေ

"ဘာမှမဟုတ်ပါဘူး ငါပျင်းလို့ စကား ခဏသွားပြောမလို့ နင့်နဲ့တိုးဇော်က စကားပြောမဲ့သူတွေက ဘေးမှာရှိကြတယ်လေ အဲတော့ ငါလည်း စကားသွားပြောမလို့ပေါ့ သွားပြီဟာ"

မသိဘူးပဲ ပြောချင်တာပြောခဲ့လိုက်ပြီ လေးယောက်လုံး အဆုကို တစ်မျိုးတော့မထင်လောက်ဘူးမလား အာ ထင်ချင်ထင်ပေါ့ ဘာလို့ဂရုစိုက်နေရမှာလဲလို့

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Where stories live. Discover now