အပိုင်း(၂)U

1.7K 31 0
                                    

အတိတ်ရဲ့ အချိန်ကာလတစ်ခု.........⌛

၂၀၁၇-၂၀၁၈ပညာသင်နှစ်

ဒီနှစ်ကအဆု၈တန်းတက်တဲ့နှစ်ပေါ့ ကျောင်းတောင်ဖွင့်တာ ၁ပတ်ကျော်နေပြီ

ကျောင်းဖွင့်တာက အခုမှ တစ်ပတ်ကျော်ရှိသေးတာပါ ကျူရှင်တက်နေရတာဖြင့် ၇တန်းပြီးထဲက ၁လလောက်ပဲနားပြီး အခုထိတက်နေရတာ ဟွန့်

ဒါမယ့်ပျော်ဖို့တော့ကောင်းတယ် သူငယ်ချင်းတွေနဲ့ အတူတက်ရတာဆိုတော့ ပိတ်ရက်ဆိုလည်း အုပ်စုလိုက်ကြီး ဘောလုံးကန်ကြတာ ပြီးတော့ရွာရိုးကိုးပေါက်လျှောက်ဆော့ကြသေးတယ်

ကျောင်းဖွင့်တဲ့နေ့ဆိုရင်တော့ နေ့တိုင်းကန်ကြတာ ကန်တာကလည်း ဘောလုံးကွင်းမှာလို့မထင်လိုက်နဲ့ သိလား

စာသင်ခန်းက နောက်ဆုံးခုံတွေရှင်းပြီး ‌ကန်တာ ဂိုးပေါက်ကို အပေါက်ဝတစ်ခုစီမှာ ဖိနပ်နဲ့ဘယ်တစ်ခုညာတစ်ခု ထားပြီးကန်တာ

စာသင်ခန်းကကျဥ်းတော့ နှစ်ယောက်တစ်တွဲစီကန်ကြတာ ရှုံးတဲ့ အတွဲကထွက်ပြီး နိုင်တဲ့အတွဲက နောက်တစ်တွဲနဲ့ဆက်ကန်တာ

အဆုတို့ကတော့ ကျွမ်းကျင်အဆင့်ပဲ ပွဲပြီးတဲ့အထိ ဘယ်တော့မှမထွက်ရတတ်ဘူး

ဒီနေ့လည်း စာသင်ချိန်ပြီးသွားရင် ကန်ဦးမှာ

အဆုက ကိုယ်လုံးကိုယ်ထည်ကသာ ပိန်သေးလေး ဘယ်တော့မှမိန်းကလေးဆန်ပြီး ချစ်စရာကောင်းမနေဘူး

ဆံပင်ကရှေ့ဆံမြိတ်နဲ့ဂုတ်ဝဲလေးအမယ် ဂုတ်နားလေးမှာဆိုရင် ဆံပင် သေးသေးလေးတွေပေါက်နေသေးတာ ဘယ်လိုခေါ်လဲတော့ အဆုလဲမသိဘူး

အသားဆိုတော့လည်းမဲသဲနေသေး မျက်ခုံးကလည်း ထူတယ် အကုန်လုံးဖေဘက်ကိုလိုက်သွားတာ

မေနဲ့တူတာဆိုလို့ အရပ်ရှည်ပြီး ပိန်တာတစ်ခုပဲရှိတယ်

ပြောပြရဦးမယ် အဆုမှာအကျင့်တစ်ခုရှိတယ်သိလား

အဆုသူငယ်ချင်းတွေကိုဘယ်သူမှ လာပြီးအနိုင်မကျင့်နဲ့ အဆုသာ သူငယ်ချင်းတွေကိုနိုင်ချင်နိုင်မှာ

သူများကလာနိုင်ရင်တော့ လုံးဝမကြိုက်ဘူး အဆုသူငယ်ချင်းသာအနိုင်ကျင့်ခံခဲ့ရပြီဆိုရင် အဲလူဆီ သွားပြီး ပြန်သွားပြောတာ

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Where stories live. Discover now