အပိုင်း(၁၂)U

879 21 0
                                    

"ရေး မမဆုမြတ်လာပြီ"

"အမယ် ကောင်စုတ်လေးတွေ ငါလာလို့ပျော်နေတာပေါ့လေ ငါမလာလည်း နေ့တိုင်းဆော့နေကြပြီးတော့များ"

"အဲတာက မတူဘူးလေ မမဆုမြတ်ပါတော့ ပိုပျော်ဖို့ကောင်းတယ်လေဗျာ"

မောင်ကောင်းကို အဆုမျက်စောင်းလေးတစ်ချက်ထိုးလိုက်ပြီး

"ဘာမှအပိုတွေပြောမနေနဲ့နော် ပြီးရင်မမဆုမြတ်ဆုမြတ်က အရမ်းနိုင်စားတာပဲ လူလည်ကျတာပဲလို့ ပြောပြီးတော့များ"

"အဲတာလည်း ဟုတ်တာပဲလေ"

"ကောင်စုတ်လေး....ကဲကဲ နင်နဲ့ငြင်းမနေတော့ဘူးဆော့ရအောင် ငါ့ကိုမေက အကြာကြီး ဆော့မနေနဲ့တဲ့ မှာလိုက်တယ်"

"ဟုတ် ဆော့မယ်လေ ဒါနဲ့ မချမ်းတို့ ကိုတိုးဇော်တို့မပါဘူးလား"

"သူတို့က ဒီနေ့မှပြန်လာတာလေ ခရီးပန်းတာပေါ့ ပြီးတော့ ငါခေါ်ပါသေးတယ် ငါကိုဒီနှစ်ကောင်ဘာပြောလိုက်တယ်ထင်လဲ... "

"ဘာပြောလိုက်လဲဟင်.."

"သူတို့ကကလေးမဟုတ်တော့ဘူးတဲ့ ငါ့ကိုလည်းသူငယ်ပြန်တာဆိုပဲ နှစ်ကောင်မကျေနပ်ဘူး ဟွန့်"

"ဟုတ်တာပဲကို မမဆုမြတ်က အသက်သာကြီးတာ မျက်နှာကလည်း ကလေးရုပ် စိတ်ကလည်း ကလေးစိတ်နဲ့ နော် ဟေ့ယျောင်တွေ"

"ဟုတ်တယ်"

တစ်ပြိုင်ထဲ ဖြေလာတဲ့ ကလေးတစ်သိုက်ကြောင့် အဆုထိုင်ပင်ငိုချင်သွားရ၏။

"နင်တို့နော် ငါဘယ်မှာကလေးနဲ့တူလို့ ဆံပင်တောင်အရှည်ကြီးတွေ့လား ငါကနင်တို့ခေါ်လို့ မေ့ကိုတောင် ငါပြောပြီးလာခဲ့ရတာနော် နင်တို့ဒီလိုပြောနေတာ ငါပြန်သွာလိုက်ရမလား"

"ဟာ မမဆုမြတ်ကလည်း သားတို့က စတာလေဗျာ ဟီးဟီး လာလာဆော့ရအောင် "

ဒီကလေးတွေ တကယ် လွယ်ကိုမလွယ် စကားကလည်းတတ်သေးတယ်။

"ဒါနဲ့ လူက မညီဘူး  မမဆုမြတ်ပါတဲ့အဖွဲ့ကျ အားသာပြီး မမဆုမြတ်မပါတဲ့ ဖက်ကျ အားနည်းတာပေါ့ဗျာ မမဆုမြတ်သူငယ်ချင်း တစ်ယောက်ယောက်မရှိတော့ဘူးလားဟင် သားတို့သွားခေါ်ပေးမယ်လေ "

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Where stories live. Discover now