Part 1

1.1K 35 1
                                    

အနောက်စျေးက လူဆိုးလေး

အပိုင်း ၁။

" ဟေ့ မိုးည' မင်းပြောတော့ နှစ်ယောက်ပဲဆို
အခုဟာက ငါးယောက်များတောင်လားကွာ...
ငါ့စအိုကတော့ စုတ်ပျက်သတ်တော့မှာပဲ... "

" အဲ့တော့ မင်းအတွက် မနှစ်နာသွားပါဘူး
သူတို့ ပိုက်ဆံထပ်ပေးလိမ့်မယ်...
ငါမလုပ်ဘူး လေးယောက်ပဲ ၊ အိုက်တင်ခံမနေနဲ့
ဒီလူအရေအတွက်လောက်ကတော့ မင်းအတွက်
ပြသနာကြီး မဟုတ်မှန်း ငါသိတယ်...
ငြိမ်ခံလိုက်စမ်းပါ "

ထို့သို့ပြောတော့ အပျှော်မောင်လေးက
မိုးည'ကို ဘုကလန့်ကြည့်ပစ်လိုက်ပြီး
သူရှေ့မှာရပ်စောင့်နေသည့် ယောကျ်ားလေးယောက်ကို
ကြည့်ရင်း မျက်စိမျက်နှာတွေပါ ပျက်သွားရသည် ။
သို့သော် ဒီအချိန်မှ မလုပ်ချင်တော့ပါဘူး ဆိုပြီး
ငြင်းလွှတ်လိုက်ဖို့ အတွက်ကျပြန်တော့ မဖြစ်နိုင်တော့
ပြီမို့ အပျှော်မောင်ခင်ဗျား သက်ပြင်းရှည်ရှည်
ချလေတော့သည် ။

" တတ်နိုင်သလောက် မြန်မြန်လုပ်ကြ
ငါလူစောင့်ကြည့်ပေးထားမယ်... "
ဟု ပြောရင်း ထက်ပိုင်ကတော့
သူတို့နဲ့ မနီးမဝေးမှာ သွားရပ်ပြီး
ပတ်ဝန်းကျင်ကို အရိပ်အကဲခတ်စောင့်ကြည့်ထား
ပေးလေသည် ။

အရင်လည်း ဒီလိုညမျိုးကို ဒီစျေးထဲမှာ
ဖြတ်သန်းခဲ့ဖူးသည်မို့ အဆင်တော့ ပြေသား
ဖြစ်၏။
စျေးထဲတွင် ဆိုင်ခန်းငှားပြီး အိမ်သဘောလို
နေထိုင်ကြသည့် လူအနည်းငယ်ရှိသော်လည်း
ပြသနာတော့ မရှိညဥ့်နက် ညလယ်လောက်
ဆိုတော့ စျေးပတ်ဝန်းကျင်ကလည်း
တိတ်ဆိတ်လို့နေလျက် အားလုံးကလည်း အိပ်ရာ
ဝင်နေကြပြီဖြစ်သည့် အချိန်ကောင်းပင်မဟုတ်လား ။

ထိုစဥ်...

" ချုတ်... "
ဟူသည့် ထူးဆန်းသည့် အသံတစ်ခုကို
မိုးည'သေချာကြားလိုက်ရပြီးနောက်
အနောက်က သူ့လူတွေကို တစ်ချက်လှည့်ကြည့်လိုက်ပြီး
သူကတော့ အသံကြားရာနောက်ကို တိတ်တဆိတ်လေး
လိုက်သွားသည်။

သို့သော် မည့်သည့်အရိပ်အယောင်မှလည်း
မတွေ့ရသလို ဘေးဝန်းကျင်ကလည်း
ငြိမ်သက်လျက်ရှိနေသည် ။

အနောက်စျေးက လူဆိုးလေး#Where stories live. Discover now