အနောက်စျေးကလူဆိုးလေး
အပိုင်း( ၅)
" ဟိုလေအစ်ကို ကျွန်တော်ဒီမှာပဲဆင်းလိုက်တော့မယ်"
" ဘာဖြစ်လို့လဲ စျေးအထဲထိလိုက်ပို့ပေးမယ်လေ... "
" ဟင့်အင်း... ဆိုင်ကယ်ကို စျေးပြင်မှာပဲရပ်ပေးပါ
ကျွန်တော့်ဘာသာပဲ ပြန်လိုက်မယ်... "" ကောင်းပါပြီ... "
မော့်ဘက်က တောင်းဆိုနေတာမို့ မိုးညလည်း
လိုက်လျောလိုက်ရပြီး စျေးအပြင်မှာပဲ ဆိုင်ကယ်ကို
ရပ်ပေးလိုက်သည်။" ကျွန်တော် အရင်သွားတော့မယ်နော်အစ်ကို ...
အော် လွယ်အိတ်လေး..."မော်က ဆိုင်ကယ်ပေါ်ကဆင်းပြီး အရင်နှုတ်ဆက်စကား
ဆိုလိုက်ပြီး သတိတရနဲ့ သူလွယ်ထားသည့် လွယ်အိတ်လေးကိုပါ ချွတ်ပေးခဲ့သည်။" အင်း ဒီနေ့အတွက်ကို့ကို အဖော်ပြုပေးခဲ့လို့
ကျေးဇူးတင်ပါတယ်... မော် "ဟု ဆိုလေရာ မော်ဦး'ခေါင်းလေးငြိမ့်လိုက်ပြီး
မိုးညကို ကျောခိုင်းလျက် စျေးထဲသို့
ဝင်သွားတော့သည်။မော်ပြန်လာတော့ အမေက အရှေ့ကုန်စုံဆိုင်က
ဒေါ်ကြိုင်နဲ့ စကားစမြည်ပြောရင်း ထိုင်နေသည်ကို
ဦးစွာတွေ့လိုက်ရပြီး ဒေါ်ကြိုင်၏ သမီးသုံး
ယောက်ကတော့ ဆိုင်သိမ်းဖို့ လုပ်နေကြသည်။" မော်ပြန်လာပြီလား... "
ဟု အမေက သူ့သားကို မြင်မြင်ခြင်း
ထိုသို့ဆိုခဲ့သည်။"ဟုတ်ကဲ့... "
သူ့အမေမအေးမာသည် ရယ်မောလျက်
ဒေါ်ကြိုင်ပြောပြနေသည့် သူမငယ်ငယ်
အလွဲများကို များစွာသဘောကျဟန်တူ၏ ။
မော်ဦး အမေ့ကို သမင်လည်ပြန်တစ်ချက်ပြန်လှည့်ကြည့်
လိုက်ပြီး အိမ်ထဲသို့ဝင်သွားလေတော့သည်။အကယ်၍ အမေကသာ ဘယ်တွေသွားနေတာလဲ
အကြာကြီးပဲဟု စစ်လားဆေးလားမေးမြန်းလာခဲ့သည်ရှိ
သော် မော့်ခေါင်းထဲ ဆင်ခြင်ပေးစရာကား တစ်ခုတည်း
ရှိနေခဲ့သည် ။ကျော်ကျော်အိမ်မှာစာသွားလုပ်နေတယ် ။
ကျွန်တော်သာ အစ်ကိုမိုးညနဲ့ လိုက်သွားကြောင်း
အမေ့ကိုအမှန်အတိုင်းပြန်ပြောခဲ့သည်ရှိသော်
အမေစိတ်ဆိုးကောင်းစိတ်ဆိုးနိုင်သည်။
ဘာ့ကြောင့်ဆိုသော် အစ်ကိုမိုးညက စရိုက်မကောင်း
ပဲ ဆိုးသွမ်းနေသည့်သူ ဖြစ်နေတော့ လူမိုက်ဆိုလျှင်
အဝေးကရှောင်ဖို့ပြောလာလိမ့်မည်။ အခုလိုအမေက
မမေးတော့ ကျွန်တော်လည်း အမေ့ကို ညာပြောဖို့ရာ
မလိုအပ်တော့ဘူးပေါ့ ။
YOU ARE READING
အနောက်စျေးက လူဆိုးလေး#
Romanceတစ်နေ့မှာ အနောက်ပိုင်းမနက်စျေးက ကောင်ဆိုးလေး တစ်ယောက်ရဲ့မျက်နှာချင်းက ကုန်စုံဆိုင်ရှေ့ကို ခေါက်ဆွဲသည်မိသားစုလေး တစ်စုက ရုတ်တရက်ပြောင်းရွှေ့လာခဲ့တယ်။ မိသားစုက ထိန်းချုပ်မနိုင်တော့အောင် ဆိုးပေနေတဲ့ကောင်ဆိုးလေးနဲ့ နွေးထွေးကြင်နာတတ်တဲ့ကောင်လေးတစ်ယောက...