Part 6

465 29 9
                                    

အနောက်စျေးကလူဆိုးလေး

အပိုင်း (၆)

မြို့ရဲ့အနောက်ဘက်စွန်းစွန်းမှာတည်ရှိသည့်
စျေးကြီးတစ်ခု၏ မနက်ခင်းလေးက လူသူများစွာ
စည်ကားလျက် နေ့တိုင်းမြင်နေရသည့်မြင်ကွင်း
ဖြစ်နေသော်လည်း ဘယ်တော့မှရိုးအီသွားသည်ဟူ၍
မရှိပါ။ စျေးထိပ်ဆီက "တစ်သောင်းဖိုးသုံးထည် တစ်သောင်းဖိုးသုံးထည်"ဟူ၍ ထိုင်း၊ တရုတ်နဲ့ကိုးရီးယား
နိုင်ငံတို့မှဝင်သည့် တစ်ပတ်ရစ်အထည်များကို လော်ကြီး
ဖြင့် အားရလောက်အော်ရောင်းနေသည့် အသံကို
ဆက်ဆက်ကြားရသည်။ ထိုကဲ့သို့ အားကျိုးမာန်တက်အော်နေသည့် အသံကို နားထောင်ကြည့်ရုံဖြင့်
ဝယ်သူများအလုအယက်ဖြစ်နေလောက်သည်ကို
ပြေးမြင်မိသည်။ ထိုထဲတွင်လည်း စျေးခြင်းကြားကို
လက်တစ်ဖက်ဖြင့် မလွှတ်စတမ်းမြဲအောင်ကိုင်ထား
သည့်မိန်းမကြီးများက သားသမီးအဖို့ လင်ယောကျ်ား
အဖို့ဆိုပြီး  အဝတ်ပုံကြီးထဲမှ အကောင်းဆုံးနဲ့အလှဆုံးဟူသည့် အထည်များကို လောဘတကြီးရွေးနေကြမည်မှာလည်း မလွဲနိုင်အောင် ဖြစ်မည်။

" မော် ကုန်စိမ်းတန်းက ခင်အုန်း'ကို
ခေါက်ဆွဲသွားပို့ပေးပါအုံး... "

" ဟုတ်ကဲ့ ..."

" မြန်မြန်ပြန်လာပြီး ကြက်သားသည်ကိုလည်း
သွားပို့ချည်နော်... အထည်ဆိုင်ကိုက သုံးပွဲပို့ရ
မယ်..."

" ဟုတ် အမေ... "

သို့နဲ့ မော်'က ခေါက်ဆွဲဗန်လေးကိုသယ်ကာ
ကုန်စိမ်းတန်းဘက်သို့ မြန်မြန်ဆန်ဆန်ပင် ထွက်လာ
ခဲ့တော့သည် ။ စျေးတွင် အလယ်တန်းက အဓိကကုန်
စိမ်းတန်းဖြစ်ပြီး အရှေ့နဲ့အနောက်ဘက်မှာတော့
အာလူး ၊ ခရမ်းချဉ်သီး နဲ့ကြက်သွန်မှအစ ငါးခြောက်
ငါးခြမ်းများရောင်းသည့် ကုန်ခြောက်တန်းများဖြစ်သည်။
စျေးထိပ်အဝင်ဘက်မှာ အမဲသားခုံနဲ့ စျေးလယ်မှာတော့
ဝက်သားခုံရှိပြီး ကြက်သားနဲ့ငါးသည်များက စျေးတစ်တန်း
ချိုးသွားပြန်သည် ။ ထိုစဥ် အထည်ဆိုင် ၊ ဖိနပ်ဆိုင် ၊
မျိုးစေ့ ပျိုးပင်များရောင်းသည့်ဆိုင်ကြီးများကိုကား
တစ်ကန့်သီးသန့် တွေ့ရသည် ။ ထို့နောက် မော်ဦးတို့လို
ခေါက်ဆွဲဆိုင် ၊ မုန့်ခင်းခါးဆိုင် ၊ အကြော်ဆိုင်နဲ့
အခြားမုန့်ပဲသရေစာဆိုင်များကိုကား စျေး၏
ဘေးတန်းများနဲ့ စျေးလယ်များကြားတွင်မှ ဟိုတစ်စုဒီစု
ဖြင့် ကွက်ကြားရောင်းကြသည် ။ ဤတွင်မှ မိုးည'တို့၏
မိသားစု ကုန်စုံဆိုင်နဲ့ မော်ဦး'တို့ခေါက်ဆွဲဆိုင်လေးက
တိုက်တိုက်ဆိုင်ဆိုင် မျက်နှာချင်းဆိုင် လာကျခဲ့သည် ။

You've reached the end of published parts.

⏰ Last updated: Nov 28, 2022 ⏰

Add this story to your Library to get notified about new parts!

အနောက်စျေးက လူဆိုးလေး#Where stories live. Discover now