part 4

221 24 0
                                    

အနောက်စျေးကလူဆိုးလေး

အပိုင်း (၄)

" သစ္စာ' ရောက်နေတာကြာပြီလား
ကိုနည်းနည်းနောက်ကျသွားတယ် ..."

မိုးည ထိုသို့ပြောရင်း ခိုင်သစ္စာနဲ့ မျက်နှာချင်းဆိုင်ခုံ
တွင် ဝင်ထိုင်လိုက်သည်။

" မကြာသေးပါဘူး သစ္စာလည်း ခုလေးတင်ရောက်တာ
ရှင်ဒီနေ့ အရမ်းကြည့်လို့ကောင်းနေတယ်သိလား..."

" သစ္စာလည်း အရမ်းလှတယ်...
ကိုမင်းတွက်ပန်းယူလာတယ် "

ဟုပြောရင်း မိုးညက သူယူလာသည့် နှင်းဆီတခက်ကို
ခိုင်သစ္စာအား ပေးလိုက်သည် ။

" သစ္စာက နှင်းဆီပန်းကို အရမ်းသဘောကျတယ်
ကျေးဇူးပါ..."

ဟုပြောရင်း နှင်းဆီပန်းပွင့်ကို တယုတယ
နမ်းရှိုက်လိုက်သည်။ ထိုသို့
မျက်လွှာလေးကိုချထားစဥ်ခဏ မျက်တောင်စင်းလျား
လေးတွေနဲ့ သူမကို အမိအရငေးယူမိသည် ။
ဘယ်သူမဆို ကိုယ့်ချစ်သူကို လွတ်လွတ်လပ်လပ်
ငေးမောခွင့်ရှိပေမယ့် သစ္စာကတော့ သူမအလှကို
အကြည်စိုက်ပြီး အချစ်မွှန်းနေသည့် မျက်လုံးတွေနဲ့
အကြည့်ခံရတာမျိုးကို လုံးဝသဘောမကျသည့်ကြောင်း
ကျွန်တော့်ကို ပွင့်လင်းစွာပြောဆိုဖူးသည်။
အဲ့အချိန်တုန်းက သူမကို သက်သက်မဲ့ဇီဇာကြောင်သည်
ဟု စိတ်ကသိကအောင့် ဖြစ်ခဲ့ဖူးပေမယ့် သူမသတိမထား
မိတဲ့အချိန်တွေမှာ အလစ်ခိုးကြည့်ရတာက
ကျွန်တော့်ကို ပို၍ရင်ခုန်စေမှန်းနောက်မှ သိလာခဲ့ရသည်။
အမြဲလိုလိုပင် ကျောလယ်နားထိရှည်လျားဖြောင့်စင်း
နေသည့် သူမဆံပင်အုံထူလေးကို အပြောင်သိမ်းပြီး
အမြင့်စည်းထားတတ်သည်။ ထိုအခါ ကြော့ရှင်းသည့်
လည်တိုင်နဲ့ မဆိုစလောက်လေးမို့မောက်ပြီးဖောင်းနေသည့်
နံဖူးပြင်တွေဟာ သူမရဲ့မျက်နှာသွယ်သွယ်လေးကို
ပိုလို့ ထင်ပေါ်စေသည်မှာ အမှန်ပင်ဖြစ်သည်။

" သစ္စာက ဘာသင်တန်းတွေထပ်တက်အုံးမလို့
ပိုက်ဆံငါးသိန်းတောင်လိုရတာလဲ... "

" ကွန်ပျူတာအဆင့်မြင့်တင်တန်းနဲ့ အင်္ဂလိပ်
စပီကင်သင်တန်းလေးနှစ်ခု တက်မလို့ပါ...
မြစ်ကြီးနားမှာနေတဲ့ သစ္စာရဲ့သူငယ်ချင်းကပြောတယ်
အဲ့သင်တန်းလေးပြီးသွားရင် ကုမ္မဏီမှာ အလုပ်တန်းပြီး
ဝင်လို့ရပြီလို့ပြောတယ်... အဲ့ဒါကြောင့် သစ္စာကြိုးစား
ကြည့်မလို့ပါ... "

အနောက်စျေးက လူဆိုးလေး#Where stories live. Discover now