အနောက်စျေးက လူဆိုးလေး
အပိုင်း (၂)
" မမကြီးပြောတာ မိုးည'မင်း ဂိုဒေါင်ထဲက
ဘီယာတွေယူသောက်နေတယ်ဆို
ဘာဖြစ်လို့အဲ့လိုလုပ်တာလဲ အမေ့ကိုပြောစမ်း... "သားကိုစိတ်ဆိုး၍ပြောသည်မဟုတ်သော်လည်း
လေသံက အနည်းငယ်တော့မြင့်သွားခဲ့သည်။" ကျွန်တော့်မျက်စိရှေ့မှာရှိနေလို့
ယူသောက်လိုက်တာ... အဲ့ဘီယာနှစ်သုံးဘူးလေး
ယူသောက်လိုက်ရုံနဲ့ အရင်းပြုတ်သွားမှာမလို့လား
အမေတို့ကလည်း... "" အရင်းတော့မပြုတ်သွားဘူးပေါ့
ဒါပေမယ့် သားက အလွန်ကျွံသောက်တော့
အမေက စိတ်ပူလို့ပြောတာပါ... "" ကျစ် စိတ်ရှုပ်လိုက်တာဗျာ... "
အမေနဲ့ ကတောက်ကစ စကားများပြီး
မိုးည' စိတ်တိုတိုနဲ့ ဆိုင်ထဲမှ
ထထွက်လာခဲ့လိုက်သည် ။" အစ်မကို ဘယ်လောက်လဲကျသွားလဲ
အကုန်ပေါင်းပြီးတွက်ပေးလိုက်တော့နော်
ညီမ... "" ဟုတ်ကဲ့ အစ်မ... "
ဒေါ်ကြိုင်တို့ကုန်စုံဆိုင်သည် လက်လီလက္ကား
နှစ်မျိုးလုံးရောင်းချပေးသည့်အတွက်
စျေးဝယ်သူများကတော့ အဆက်မပျက်သလို
ဖောက်သည်လည်း များလှသည် ။" အားလုံးပေါင်း ၁၂၀၀၀ကျပါတယ်အစ်မ... "
မလတ်က ကျသင့်ငွေကို ဂဏန်းပေါင်းစက်နဲ့
တွက်ချက်ပြီး ပြန်ပြောလိုက်သည် ။
ထိုအခါ ဝယ်သူမှ မလတ်ပြောသည့်အတိုင်း
ကျသင့်ငွေကို ပိုက်ဆံအိတ်မှထုတ်ကာ
ပေးလိုက်သည် ။
ထို့နောက် ပစ္စည်းနဲ့ဘောက်ချာကိုယူပြီး
ပြန်သွားခဲ့သည်။" မေမေကလည်း စျေးဝယ်သူရှိနေရင်
ရန်မဖြစ်ကြပါနဲ့ဆို ရှက်စရာကောင်းတယ်
ဝယ်သူတွေ နောက်သမီးတို့ဆိုင်မှာ
စျေးလာမဝယ်တော့ရင် ဘယ်လိုလုပ်မလဲ... "မလတ်က သူမ အမေကို ထိုသို့
ပြစ်တင် ပြောဆိုသည်။" အမေသိပါတယ် နောက်မဖြစ်စေရဘူးနော်သမီး "
ဒေါ်ကြိုင် မလတ်ကို ပြန်လည်ချော့မော့ပြောဆိုရသည် ။
ထိုအခါမှ မလတ်ဆက်မပြောတော့ အသံတိတ်သွား
သည်။

YOU ARE READING
အနောက်စျေးက လူဆိုးလေး#
Romanceတစ်နေ့မှာ အနောက်ပိုင်းမနက်စျေးက ကောင်ဆိုးလေး တစ်ယောက်ရဲ့မျက်နှာချင်းက ကုန်စုံဆိုင်ရှေ့ကို ခေါက်ဆွဲသည်မိသားစုလေး တစ်စုက ရုတ်တရက်ပြောင်းရွှေ့လာခဲ့တယ်။ မိသားစုက ထိန်းချုပ်မနိုင်တော့အောင် ဆိုးပေနေတဲ့ကောင်ဆိုးလေးနဲ့ နွေးထွေးကြင်နာတတ်တဲ့ကောင်လေးတစ်ယောက...