Chapter 1. First meeting

117 12 41
                                    

အထက်တန်းလွှာလူတန်းစားတွေရဲ့ စားသောက်ပွဲကို ပထမဆုံးရောက်ဖူးတာပဲ။ မြင်နေကျမဟုတ်တဲ့ အထက်တန်းကျကျ ဝတ်စားဆင်ယင်ပုံနဲ့ ပြောပုံဆိုပုံတွေက ဘာဒန်တို့နေခဲ့ဖူးတဲ့ မြို့သေးသေးလေးက ဗမာတွေနဲ့နည်းနည်းမှမတူ။

လုပ်ယူထားတဲ့ အပြုံးတုတွေနဲ့ ရယ်ကြမောကြပြောဆိုဆက်ဆံနေကြတဲ့ လူတွေဟာ သိပ်ကိုအံ့ဩဖို့ကောင်းတယ်။ အမျိုးသမီးကြီးတွေဟာ ဆေးတံကိုပါးစပ်မှာကိုက်လို့ ဝူးဝူးဝါးဝါးနဲ့သာပြောဆိုနေကြတယ်။ သူတို့ရဲ့ အရေးပါလှတဲ့အတင်းအဖျင်းတွေက မပါမဖြစ်ပေါ့။ အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ဆင်ထားကြတဲ့ အမျိုးသားတွေဟာလည်း ကွမ်းယာတစ်လိပ် ပါးစောင်းကြားညှပ်လို့ အလုပ်ကိစ္စတွေအကြောင်း ဆွေးနွေးတိုင်ပင်နေကြတယ်ထင်ပါ့။

ထိုကဲ့သို့ ထိုကဲ့သို့သော တောက်တောက်ပြောင်ပြောင်လူတွေကြားထဲ မှေးမှိန်လို့ပျောက်ကွယ်နေသူက ဘာဒန်။ ဘာဒန့်ကို မည်သူတစ်ဦးတစ်ယောက်ကမှလည်း အရေးမလုပ်သလို အင်း...အရေးစိုက်မခံရတာကိုပဲ ကြိတ်ဝမ်းသာနေမိတဲ့ ဘာဒန်ရယ်။

ဘာရယ်မဟုတ် ဝိုင်ခွက်ကိုယ်စီနဲ့သာယာနေကြတဲ့ လူပျိုတစ်သိုက်ဆီလှမ်းကြည့်မိတဲ့အခါ။
အို...မျက်လုံးတွေတောင် ကြိမ်းပါဘိ။

လူပျိုတစ်သိုက်ကြား ထင်ပေါ်လို့လှပနေတဲ့ ကောင်လေးတစ်ယောက်။ ဟန်ဆောင်မှုကင်းတဲ့ အပြုံးလားဘာလားတော့ သေချာမသိပေမဲ့ သူ့မျက်နှာပေါ်က အပြုံးကတော့ တခြားသူတွေနဲ့ကွဲလွဲစွာ ဆွဲဆောင်မှုရှိနေတာအမှန်။ ရယ်ရယ်မောမော စကားပြောနေရင်းပဲ ကောင်လေးဟာ ဘာဒန့်ဆီလှည့်ကြည့်လို့လာတယ်။

မျက်ဝန်းနှစ်စုံ ဆုံလို့သွားတဲ့အခိုက်အတန့်...။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ရင်ဘတ်ထဲရှိခိုးကောင်တွေခုန်ပျံသွားသလို ယားကျိကျိနဲ့ခပ်စပ်စပ်လေး ခံစားလိုက်ရတယ်။ ဘာဒန့်ဘဝမှာ ပထမဆုံးခံစားဖူးတဲ့ အမည်မသိစိတ်လှုပ်ရှားမှုမျိုးပဲ။ ထိုကောင်လေးဟာ ဘာဒန့်ဆီမှအကြည့်မလွှဲပါပဲ လက်ထဲမှဝိုင်ခွက်လေးကိုမြှောက်လို့ ဝှေ့ယမ်းလိုက်ရင်း ပြုံးပြလာတယ်။

Give Up: A Story From The 20th Century Where stories live. Discover now