Chapter 2. December night

50 10 2
                                    

ဒီဇင်ဘာရဲ့ ဆောင်းညဟာ အတော်လေးတော့ချမ်းပါရဲ့။

လယ်သာတစ်ထည်ကောက်စွပ်ထားတဲ့ သာမန်ကောင်လေးကို လူတွေ သတိထားမိဖို့လည်း မလွယ်လှဘူးလေ။ ဒယ်ဒီထားခဲ့တဲ့ လယ်သာအင်္ကျီကြီးက ဆယ်ကျော်သက်လေး ဘာဒန့်အတွက်တော့ အနည်းငယ်ကြီးလို့နေတယ်။ နီစပ်စပ်အသားအရေကို ဖုံးသွားစေရန်အလို့ငှာ ကြီးမြလိမ်းပေးလိုက်တဲ့ သနပ်ခါးကလည်း တစ်ကိုယ်လုံးအပြည့်။ ပုဆိုးအစင်းကြားလေးကို မဝတ်တတ်ဝတ်တတ်နဲ့ ဝတ်ထားရတော့လည်း ကျွတ်ကျမှာစိုးတာကြောင့် ခါးပတ်လေးနဲ့ တွဲချည်ထားရသေး။

ညနေစောင်းကိုကျော်လို့ မှောင်ရီစပျိုးလာပြီဖြစ်တယ်။ သည်တစ်ခါတော့ အထက်တန်းလွှာက လူကုန်ထံတွေရဲ့ စားသောက်ပွဲဆီ စပ်စုချင်လို့သွားရောက်တာမျိုး မဟုတ်တော့ဘူး။ အင်း... ဘယ်လိုပြောရမလဲ။ ကောင်လေး သွားခိုးတယ်ပဲပြောရမလား။ လူပျိုလှည့်ဖို့ကြံနေတယ်ပဲ ပြောရမလား။

စားသောက်ပွဲရဲ့ အလယ်မှာ မှိုင်တွေနေခဲ့တဲ့ ကောင်ငယ်လေးကို လူမသိအောင် တိတ်တဆိတ်ဆွဲခေါ်လာခဲ့လိုက်တယ်။ ရင်ဘတ်ထဲက ခံစားချက်တချို့က ဘာဒန့်ကို ရာဇဝတ်မှုကျူးလွန်ဖို့ တိုက်တွန်းနေသလိုပါပဲ။

မောင်က ယစ်မူးဖို့ကောင်းတယ်။ ဝိုင်နံ့စွဲနေတဲ့ မောင့်နှုတ်ခမ်းတွေက ပိုယစ်မူးဖို့ကောင်းတယ်။ ရီဝေနေတဲ့ အညိုရောင်မျက်ဝန်းဝိုင်းတွေက ဘာမှမရှိတဲ့ ဘာဒန့်အဖို့တော့ တက်မက်ဖွယ်အတိ။ မြတ်မြတ်နိုးနိုးစွဲလန်းမိတဲ့ ဘာဒန်ဟာလည်း အသွေးနဲ့အသားနဲ့ လူသားပဲမို့ ဆွဲဆောင်နေတဲ့ သားရဲကို ခုန်အုပ်ချင်မိတာ မမှားပါလေ။

ဒါပေမဲ့လည်း ဘာဒန့်အဖိုးတန်လေးက မထိရက်စရာကောင်းလောက်အောင် နူးညံ့တာမို့ ဘာဒန်တကယ် ဘာမှမတတ်နိုင်ခဲ့ပါ။ ဒီတိုင်းလေးပဲ ကောင်းပါတယ်။ သူဋ္ဌေးသားလေးကို တစ်ခါတလေကျ ကြမ်းရမ်းပြစ်ချင်ပေမဲ့လည်း သူ့မှာ မြတ်နိုးလွန်းလို့ မထိရက်မကိုင်ရက်သာ ရွှေလိုအုလို့ထားမိပြန်တယ်။

ဘာဒန်က ခပ်တုံးတုံးကောင်လေးတစ်ယောက်ရယ်။
မြတ်နိုးလွန်းရဲ့ဆိုတဲ့လူကို ခပ်ညံ့ညံ့ဘဝကြီးထဲ ဆွဲသွင်းမိတဲ့အထိ၊ ရှုပ်ထွေးပွေလီနေတဲ့ မြတ်နိုးသူရဲ့ ရင်ဘတ်ထဲကို ခြေစုံပြစ်ဝင်ချင်မိတဲ့အထိကို တုံးခဲ့တာ။

Give Up: A Story From The 20th Century Where stories live. Discover now