[ကို့အရိပ်]
"knock knock ...."
"ဝင်ခဲ့"
"သခင်းလေး သခင်ကြီး ရောက်နေပါပီး "
" အင်း ကျွန်တော်ဆင်းလာခဲ့မယ် "
"ဟုတ်"
ဟုတ်ဆိုပီး အိမ်တော်ထိန်း က ဒီအိမ်တော် ရဲ့သခင်လေးဖြစ်တဲ့ ခွန်းကောင်းကင်ယံ ကို ဦးညွှတ်လိုက်ပီး ထွက်သွားသည်။ခွန်းကောင်းကင်ယံ က ဦးခွန်းတေဇ ရဲ့ တစ်ဦးတည်းသော သားပင်ဖြစ်သည်။ အမေဖြစ်သူ
ဒေါ် ပန်းမဒီ က ခွန်း ဆယ်တန်း အောင်တဲ့ နှစ်ကပဲ နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့သည်။ အခုဆိုရင် ခွန်း က အသက် ၃၀ တောင် ရှိနေခဲ့ပါပြီး။ ဆယ်တန်းအောင်ပြီးတော့ စီးပွားရေး နယ်ပယ်ထဲ ဝင်ရောက်ချင်ပြီး ဖခင်ဖြစ်သူရဲ့ လုပ်ငန်းအသီးသီးတွေကို ကူညီချင်တယ် ဆိုပီး စီးပွားရေး တက္ကသိုလ်ကို တက်ရောက်ခဲ့သည်။ အခုဆိုရင် ခွန်းက SKY လုပ်ငန်းစု ရဲ့ ဥက္ကဌကြီး ဖြစ်နေပါပြီး။ ဖခင်ဖြစ်သူက အသက် ၆၀ ဖြစ်နေပြီး ဆိုတဲ့အခါ ခွန်းကို SKY အုပ်စုကို ဦးစီးစေလိုက်ပြီး ဥက္ကဌရာထူးလွှဲပြောင်းပေးလိုက်သည်။" ဖေဖေ ရောက်နေတာကြာပီးလား"
ဆိုတဲ့ အသံနှင့်အတူ လှေကား ပေါ်ကနေ ဆင်းလာတဲ့ ခွန်းကောင်းကင်ယံ ။ ဦးခွန်းတေဇ က သားဖြစ်သူ ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ သားရဲ့ မိခင် ဆုံးပြီးကတည်းက သူ သားကို ပြုစုပျိုးထောင်လာခဲ့တာ ။ နောက်အိမ်ထောင်ပြုဖို့ အတွက် အခြားသော မျိုးရိုးကြီးတဲ့ အိမ်တော် က အမျိုးသမီးတွေ လာ ပြောပေမဲ့လဲ ဦးခွန်းတေဇက နောက်အိမ်ထောင်တစ်ခု ထူထောင်ဖို့က စိတ်ကူးထဲမရှိတော့ပဲ တစ်ယောက်ထဲ နေလာခဲ့သည်။ သားဖြစ်သူ ကို မိထွေးအမည်ခံတဲ့ အမျိုးသမီးနဲ့ အတူမနေစေချင် တာလဲ ပါမည်။" အင်းသား ဖေဖေ အခုပဲ ရောက်တယ် "
ခွန်းလဲ ခုံမှာ ဝင်ထိုင်လိုက်သည်။
အဖြူရောင် ရှပ်အက်ျီ ကို အပေါ်က ကြယ်သီးတစ်လုံး ဖြုတ်ထားပြီး အောက်က အနက်ရောင် စတိုင်ပင် နဲ့ တွဲဝတ်ဆင်ထား တဲ့ ခွန်းက အရမ်းကို ခန့်ညားနေသည်။ အရပ်အမောင်းကလဲ ၆ပေ နဲ့ ၂လက်မခန့်ရှိပြီး အသားအရည်ကလဲသိပ် အဖြူကြီးမဟုတ်ပဲ တကယ့်ကို Handsome Man တစ်ယောက်ဖြစ်နေသည်။ နက်မှောင်နေတဲ့ မျက်ခုံးထူထူ ရဲ့အောက်က မျက်လုံးတွေက နေ အကြည့်စူးစူးတွေနဲ့ တင်းတင်းစေ့ထားတဲ့နီညိုရောင် နှုတ်ခမ်းသားတွေ ကလဲ သိပ်ကို ချောမောလွန်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေတော့ သူ့ကို လိုချင်နေကြတဲ့ အမျိုးသမီးတွေက လက်ချိုးရီလို့တောင် မနိုင်ပါ။ အဲ့ထဲ မှာမှ ခွန်းနဲ့ စေစပ်ခွင့်ရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သိပ်ကို ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ် တော့မည်။

YOU ARE READING
ကို့အရိပ်.....
Romance[ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈 [ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet