part.2 [Unicode]

764 57 10
                                    

ကို့အရိပ်....

ပူကျစ်နေတဲ့ နေရောင်အောက်က ပန်းအိုးသယ်နေတဲ့ ကောင်လေးကို ငေးကြည့်နေတဲ့ လူကြီး တစ်ယောက်က ဘေးပတ်ဝန်းမှာ ရှိနေတဲ့ အခြားသောလူတွေကို မေ့သွားပီးလို့ ထင်။
" ကိုယံ"

" အမ် အင်း"

" ကိုယံက ဘာတွေငေးကြည့်နေတာတုန်း ဝိုင်းခေါ်နေတာဖြင့် ကြာပြီး "

" အော် sorry ပါ ဝိုင်းကဗျာ ဟို အန်တီတို့ အန်ကယ်တို့ ကျွန်တော်တို့ကို ခွင့်ပြုပါအုံး ခင်ဗျ"
ခွန်းလဲ နှုတ်ဆက်လိုက်ပြီး ဦးတေဇ နဲ့ ကားဆီကို လျှောက် လာခဲ့စဥ် ကြားလိုက်ရတဲ့ အသံ တစ်ခု ကြောင့် ခွန်း နောက်လှည့်ကြည့်လိုက်သည်။

" ရွှန်း အ့"
ပန်းအိုးက သက်တံ့ရဲ့ ခြေထောက်ပေါ်ကို လွတ်ကျသွားခဲ့ပြီး သက်တံ့ပါမြေပြင်ပေါ်ကို လဲကျနေသည်။
တရားခံကတော့ မြတ်သူအောင် ပင်။ မြတ်သူက ဘယ်ကနေ ပြန်လာပြီး ဒေါသထွက်လာမှန်းမသိပဲ သက်တံ့အရိပ်ကို ကျောပြင်ကနေ ကန်ချလိုက်တော့ အဲ့လိုဖြစ်သွားရသည်။
ခြေထောက်ကလဲ သွေးတွေ ရဲလာခဲ့ပြီးနာကျင်နေတဲ့သက်တံ့ကို မြတ်သူကသူ့အပေါ်ကနေ တက်ခွပီး မျက်နှာကို ထိုးလိုက်ပြန်သည်။
"မြတ်သူ မင်းဘာလုပ်တာလဲ "
ဦးမျိုးသူက ပြေးလာပီး မြတ်သူကို တားလိုက်သည်။

ခွန်းကောင်းကင်ယံလဲ ပြေးလာခဲ့သည်။
ဒီရောက်တော့ ထိတ်လန့်ပီး လဲကျနေတဲ့ သက်တံ့အနားကို ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်သည်။
" အဆင်ပြေရဲ့လား ကောင်လေး "
ခွန်း က သက်တံ့ကို ထူပေးလိုက်သည်။ သက်တံ့လဲ ခွန်းရဲ့ လည်ပင် ကို ဖက်တွယ်ထားရင်း လက်တွေက တုန်ယင်နေတာကို ခွန်းသတိထားမိနေသည်။
" သွေးတွေအများကြီး ထွက်နေတယ် "
ခွန်က သက်တံ့ကို ပွေးချီလိုက်ပြီး ထိုနေရာကနေ အမြန် လျှောက်လာခဲ့သည်။

ဒေါ်သူဇာ နဲ့ ဝိုင်းကလဲ ပြေးလာကြပီး ခွန်းလက်ထဲက သက်တံ့ကို ကြည့်လိုက်တော့ ,
"သက်တံ့ မင်း ! ဟို မောင်ခွန်းကောင်းကင်ယံ သက်တံ့ ကို ဘယ်ခေါ် သွားမို့လဲ "

" ဆေးခန်းလေ "

"ဟမ် ရရတယ် အန်တီတို့ ခေါ်သွားပေးမယ်ကွယ် ။သူညစ်ပတ်နေတယ်လေ မောင်ခွန်း ရဲ့ အက်ျီတွေ ညစ်ပတ်ကုန်တော့မှာပဲ သက်တံ့ နင်ဆင်းလာစမ်း "

ကို့အရိပ်.....Hikayelerin yaşadığı yer. Şimdi keşfedin