မနက် ၅နာရီခွဲ ထိုးတာနဲ့ နိုးလေ့ရှိတဲ့ သက်တံ့အရိပ်တစ်ယောက် , မျက်လုံးတွေ ပွင့်လာခဲ့သည်။ အခန်းက မှောင်နေတော့ အနက်ရောင်လိုက်ကာတွေနဲ့ မလို့ အပြင်ဘက်က မိုးလင်းခါစ အလင်းရောင်တွေကို မမြင်ရပါ။ မနက်စောစောထတဲ့ အလေ့အကျင့်ကြောင့် အရိပ် ဆက်အိပ်ဖို့က လုံးဝ မဖြစ်နိုင်တော့ပါ။ ထိုစဥ် အရိပ် ထတော့မှာကို ,
"အင့် ဟင်! ဦး"အရိပ်ရဲ့ခါးကို ကျစ်နေအောင်ဖက်ထားတဲ့ လက်တစ်စုံကြောင့် အရိပ် ထလို့ မရဖြစ်သွားသည်။ အရိပ်လဲ ခွန်းရဲ့ လက်ကို ဖယ်ချင်နေသည်။ ဖယ်လဲ မဖယ်ရဲတဲ့အခါ,
*နှိုးလိုက်ရင်ကောင်းမလား မဖြစ်သေးပါဘူး တော်ကြာ ဦးက အိပ်ရေးမဝပဲနေအုံးမယ်*အရိပ် လဲအရဲစွန့်ပီး ခါးက လက်တစ်စုံကို ဖြည်းဖြည်းချင်းဖယ်လိုက်ပီး ဘေးကို ချလိုက်တဲ့အခါ, အိပ်မောကျနေတဲ့ခွန်းလဲ တစ်ဖက်ကို လှည့်အိပ်သွားခဲ့သည်။
" ဟူး! တော်ပါသေးရဲ့"အရိပ် ဖြည်းဖြည်းသာသာနဲ့ပဲ ကုတင်ပေါ်ကနေ ဆင်းလာခဲ့ပြီး အရင်ဦးဆုံး မျက်နှာသစ် သွားတိုက် လိုက်သည်။ ဒီကိုရောက်မှပဲ မျက်နှာသစ်ဆေးတို့ ဘာတို့ညာတို့သုံးဖူးတော့သည်။မျက်နှာသစ်ဆေးဗူးတွေကို တွေ့ဖူးမြင်ဖူးနေပေမဲ့ မဝယ်နိုင်လို့ ဒီတိုင်း ရိုးရိုးဆပ်ပြာခဲနဲ့ပဲတိုက်ခဲ့ဖူးတဲ့လူကစျေးကြီးတဲ့ မျက်နှာသစ်ဆေးနဲ့ သစ်ရတော့ မျက်နှာက ယားကျိကျိဖြစ်နေသလိုဟီးး!
ပီးသွားတဲ့အခါရေချိုးခန်းကနေထွက်လာခဲ့ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။ဒီလိုအိမ်ကြီးကြီးထဲမှာ ဦးတစ်ယောက်ထဲပဲနေတယ်တဲ့။ အမလေးဦးက မကြောက်ဖူးလားမသိ။ မီးဖိုချောင်ထဲကို ဝင်သွားတဲ့အခါ,
* အမ် မနက်စာ ချက်ဖို့က ဘာချက်ရမှာတုန်း။ ညက ဦးပြောတာကတော့ ဦးကချက်ပြုတ်မတတ်ဘူး မှာစားကြမယ်ဆိုပဲ , နေအုံး သားချက်တတ်တာပဲလေ , အချက်အပြုတ်ပိုင်းကို သားတာဝန်ယူမယ် ပီးရင် အိမ်သုတ် အိမ်လှည်း သန့်ရှင်းရေးတွေအကုန် သားလုပ်ရမှာပဲ, ဟုတ်တယ် အခု မနက်စာချက်ရမယ် ဦးနိုးရင် စားရအောင် ဟဲဟဲ*
အရိပ်တစ်ယောက် အတွေးတွေကို အဆုံးသတ်လိုက်ပီးတော့ မနက်စာချက်ဖို့အတွက်ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါ,
"အယ် ဘာမှလဲမရှိဘူးလား"
ရေခဲသေတ္တာထဲမှာ ကြက်ဥတွေနဲ့ရေတွေပဲ ရှိနေသည်။ မနက်စာချက်ဖို့က အရိပ်အခက်တွေ့နေလေသည်။
ŞİMDİ OKUDUĞUN
ကို့အရိပ်.....
Romantizm[ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈 [ ခွန်းကောင်းကင်ယံ + သက်တံ့အရိပ် ] #owncreation #Romance #Sweet