အပိုင်း (၁၀)

3.2K 108 14
                                    

မုန်းပါတယ်ဆိုခင်ဗျားကို

   အပိုင်း (၁၀)

ကားဖြူတစ်စင်း ရွှံ့နဲ့သဲများ ကပ်ပေကျံလျက်
မြေဝါရောင်သန်းနေသည့် ထိုကားသည်
ထူးခြားနိုင်တို့ အိမ်ရှေ့တွင် လာစိုက်သည် ။
ထို့နောက် ကားပေါ်မှ လူနှစ်ယောက်ဆင်းလာပြီး
ကားသမားဖြစ်သူ အသားခပ်လပ်လပ်နဲ့ယောကျ်ား
တစ်ယောက်က ကားနောက်ဘက်ဆီသို့ ပတ်လျှောက်သွား
ပြီး ကားနောက်ဖုံးထဲမှ သူ့ခရီးသည်၏ အိတ်နဲ့ အထုပ်ကြီး
ငယ်များကို သေချာဂရုတစိုက်ထုတ်ပေးနေသည် ။
ထိုအခါ ခရီးသည်ကလည်း ကားသမားကို  ငွေရှင်းဖို့
လုပ်သည်။

"ဘယ်လောက်ကျလဲ ဆရာ... "

" သုံးသောင်းပဲပေးပါဗျာ... "

" ဒီမှာ ငွေသုံးသောင်းပါ
ကျေးဇူးတင်ပါတယ်... "

ဟူ၍ ကားသမားတောင်းသည့် ကားခသုံး
သောင်းကို အသာတကြည် ထုတ်ပေးလိုက်ပြီးနောက်
အိမ်ထဲကို ဝင်သွားတော့သည်။

" ကလေးတို့ရေ ဦးဦးပြန်လာပြီ
မုန့်တွေအများကြီးပါလာခဲ့တယ်... "

ထိုအခါ အိမ်ထဲမှ ကလေးတွေ ပြေးထွက်လာပြီး
သူ့ကို ခရီးဦးကြိုပြုကြလေသည်။

" အားလုံးအတွက်ပါတယ်နော်...
ဦးဦးက အငယ်လေးကို အရင်ပေးမယ်
ရော့... စုစုဒါက သမီးအတွက် ချိုသဲ
လည်းယူ ကိုကိုကို့ မတွေ့ပါလား ..."

" ကိုကို သူ့သူငယ်ချင်းအိမ်သွားတယ်
ဦးဦး... "

" အော် အဲ့လိုလား... ဒါဆိုရင်
ကိုကို့အတွက် ချိုသဲပဲ ယူထားပေးလိုက်လေ... "

" ဟုတ်ကဲ့ ရပါတယ် "

ထိုအချိန်တွင် ခါလွန်မိုးလည်း အခန်းထဲမှ
ထွက်အလာ သူတို့ ဧည့်ခန်းတွင် ဆုံကြလေရာ...

" ဒီက ညီက ထူးခြားရဲ့ မိတ်ဆွေထင်တယ်
ဧည့်သည်ဆိုရင် အိမ်ရှင်တွေအခန်းထဲကို
လက်လွှတ်စပယ် ဝင်ထွက်လို့မရဘူးလေ...
ယဥ်ကျေးမှုလေးတော့ရှိသင့်တာပေါ့..."

သူ့အတွက် မျက်နှာစိမ်းဖြစ်နေသည့်ခါလွန်မိုးကို
ထူခြားနိုင်၏ မိတ်ဆွေအထင်နဲ့ ပြောလိုက်သည့်အခိုက်
တစ်ဖက်လူ ခါလွန်မိုးမှာ မျက်လုံးအဝိုင်းသားနဲ့
ကြောင်အန်းသွားလေသည် ။

မုန်းပါတယ်ဆိုခင်ဗျားကိုWhere stories live. Discover now