အပိုင်း ၄

3.4K 131 10
                                    

မုန်းပါတယ်ဆိုခင်ဗျားကို ။

အပိုင်း (၄)

လေပြေချိုသွေးသည့် ညနေခင်းလေးတစ်ခုမှာ
ကားသံနှင့်ဆိုင်ကယ်သံများကို တ၀ီ၀ီကြားနေရ
သည် ။ နေမင်းကြီးက ကွယ်စပြုလာပြီး
လမ်းဘေးနား သတ္ထုတိုင်ကြီးတွေမှာ ကိုယ်စီ ဖန်မီး
အလင်းရောင်တွေ ထွက်ပေါ်လာတော့သည် ။
ကားလမ်းရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာ
အကင်ဆိုင် ၊ အကြော်ဆိုင်၊
ဆန်ပြုတ်ဆိုင်နဲ့ အခြားမုန့်များ စားသောက်ဖွယ်ရာ
များကို ခင်းကျင်းရောင်းချနေကြသည် ။ ထိုနေရာတွေဆီမှ
လွှင့်ပျံလာသည့် အမွှေးရနံ့များနဲ့တင်ကို အရသာ
ဘယ်လောက်ထိ ရှိလိုက်မလဲဆိုတာ ခန့်မှန်းမိသည် ။

ညနေစာ စားပြီးသွားလို့ အစာခြေ လမ်းလျှောက်တတ်
သူများကလည်း သက်သက်ရှိသေးသည်။

ဟိုငေး ဒီကြည့်နဲ့ မျက်စိကို အလုပ်ပေးကာ
အလုပ်သိမ်းချိန် အိမ်ကို လမ်းလျှောက်ပြန်လာနေသည့်
ခါလွန်မိုး ။ သူ့မျက်စိနဲ့ မြင်သမျှကတော့
မြို့ပြကြီးရဲ့ ဓမ္မတာတစ်ခုဖြစ်နေသော်လည်း
သူ့အဖို့မှာတော့ ဘယ်တော့မှ မရိုးသွားနိုင်သည့်
စိတ်၀င်စားဖွယ်ရာ မြင်ကွင်းကြီး တစ်ခုသာ
ဖြစ်၍နေတော့သည်။

ထိုအခါ ခါလွန်မိုး၏ အနောက် မလှမ်းမကမ်းမှ
လမ်းလျှောက်နေသူက ဦးထူးခြားနိုင်သာ ဖြစ်၏။
သူ့နောက်က ဦးနိုင်ကို သတိမထားမိဘဲ
မျက်စိရှေ့က မြင်သမျှ အရာတို့ကိုသာ
ခါလွန်မိုးတစ်ယောက် အာရုံရောက်နေသည်။
ပုံမှန်ဆိုရင် လမ်းမြန်မြန်လျှောက်တတ်သူဖြစ်သည့်
ဦးထူးခြားနိုင်က သူ့ရှေ့မှာ ဖြည်းဖြည်းချင်းပဲ လမ်းလျှောက်သွားနေသည့် ခါလွန်မိုးကို
ကျော်တက်မသွားဘဲ ယောက်ဖလေးရဲ့
တောသားမြို့ရောက်ပုံစံလေးကို သေသေချာချာ
အာရုံစိုက်လို့ လိုက်ကြည့်နေမိသည် ။ ဒီလိုနဲ့ ရပ်ကွက်လမ်း
ကြားအကွေ့နား ရောက်လာတော့ ခါလွန်မိုး သူ့နောက်က
လူကို သတိထားမိပြီး မသိမသာ လှည့်ကြည့်လိုက်သည့်အခါ သူ့ယောက်ဖကြီး ဦးထူးခြားနိုင် ဖြစ်နေသည်ကို
သူသိလိုက်ရသည်။ မနက်တုန်းက သူ့အစ်မကို
ပိုက်ဆံတောင်းပြီး ရိုက်နက်ထားသည့် မြင်ကွင်းက
ခါလွန်မိုး အတွေးထဲ ချက်ချင်း ထပေါ်လာခဲ့ပြန်သည်။
ခါလွန်မိုး စိတ်မကျေမနပ် ဖြစ်လာပြီး လက်သီးကျစ်ကျစ်
ဆုပ်လိုက်ကာ အနောက်ကို ချက်ချင်းလှည့်ရပ်လိုက်ပြီး
ဦးထူးခြားနိုင် သူ့အနီးသို့ ရောက်လာသည်အထိ စောင့်နေလိုက်သည် ။

မုန်းပါတယ်ဆိုခင်ဗျားကိုOù les histoires vivent. Découvrez maintenant