အပိုင်း (၁)

18.9K 325 11
                                    


မုန်းပါတယ်ဆို ခင်ဗျားကို ...

အပိုင်း ၁။

" စုစု သမီးလေး...
လာမေမေ့ဆီကို ဖေဖေအိပ်နေတယ်နော်
မနှောက်ယှက်ရဘူး ဟုတ်ပြီလား... "

သူ့ဖေဖေအိပ်ပျှော်နေသည့်
အိပ်ရာဘေးမှာ ဆော့နေသည့်
သမီးလေးစုစု'ကို မေယု'က
သူ့အနားခေါ်ယူလိုက်သည်။

" စုစုက မောင်လေးနဲ့ဆော့လေနော်
လာခဲ့ မေမေခေါ်သွားပေးမယ်...
သမီးမောင်လေးက တစ်ယောက်တည်း
ဆော့နေတာ သူ့မှာအဖော်မရှိဘူးရယ်... "

" ဟုတ်ကဲ့မေမေ...
အဲ့ဒါဆိုရင် စုစုက မောင်လေးနဲ့ပဲဆော့တော့မယ် "

" ဒီလိုမှပေါ့ လိမ္မာလိုက်တဲ့သမီးလေး
လာ ဖြည်းဖြည်းဆင်းနော်... "

မေယု သူမသမီးရဲ့ လက်ကိုဆွဲပြီး
အိမ်အောက်ထပ်ဆီသို့ အတူဆင်းခဲ့ကြသည်။

" သားငယ် ဘိုဘို မမလာပြီ
မမနဲ့အတူတူဆော့ကြနော် ..."

မေယု'တွင် ၄နှစ်အရွယ်ရှိ စုစုဟူသည့်
သမီးတစ်ယောက်နဲ့ ဘိုဘိုဟူသည့် ၃နှစ်အရွယ်
သားလေးတစ်ယောက်လည်းရှိ၏။
သူမသည် ကလေးနှစ်ယောက်အမေဖြစ်ပြီး
၆လရှိပြီဖြစ်သည့် ကိုယ်၀န်သည်တစ်ယောက်လည်းဖြစ်သည်။
သူမသည် အိမ်ထောင်ရှင်မကောင်း
တစ်ယောက်ဖြစ်သည်သာမက
စိတ်ရှည်သည်းခံတတ်သည့်
အမျိုးသမီးတစ်ဦးလည်းဖြစ်၏။

သူမသည် မိဘဆွေမျိုးအသိုင်းများနဲ့ ခွဲခွာပြီး
မြို့လေးတစ်မြို့မှာ အိမ်ထောင်ကျခဲ့ပြီး
သူမအဖို့ အားကိုးရာဆိုလို့ လင်ယောကျ်ား တစ်ယောက်တည်းသာ ရှိ၏ ။ခုဆိုလျှင် သူမ၏
မွေးရပ်မြေဖြစ်သည့် နန့်မွန်းမြို့ကို မပြန်ဖြစ်တာ
၅နှစ်နီးပါး ရှိနေပြီလည်း ဖြစ်သည် ။

" တီ တီ..."
အိမ်အောက်ထပ်က ဧည့်ခန်းဆီမှ အဝင်ဖုန်းတစ်ခု
မြည်လာခြင်းဖြစ်ခဲ့လေတော့ မေယုက
မပေါ့မပါး ခန္ဓာကိုယ်နဲ့ လမ်းကိုဖြည်းဖြည်းချင်း
လျှောက်ကာ အိမ်ထဲသို့
ပြန်ဝင်သွားခဲ့ပြီး ဖုန်းကို ကောက်ဖြေလိုက်သည်။

" ဟယ်လို ဘယ်သူလဲမသိဘူးရှင့် ..."
ဟု သူမပြန်ထူးလိုက်တော့

မုန်းပါတယ်ဆိုခင်ဗျားကိုDonde viven las historias. Descúbrelo ahora