အပိုင်း ၆

3.2K 117 7
                                    

မုန်းပါတယ်ဆိုခင်ဗျားကို

အပိုင်း (၆)

" ချိုသဲ မင်းအမေက ဘိန်းဖြူတွေရောင်းလို့
ထောင်ကျသွားတာဆို အဲ့ဒါဟုတ်လားဟင် "

ချိုသဲတို့အခန်းထဲမှ အတန်းဖော် ဖြူဖွေးက
ထိုသို့ ခနဲပြီးမေးလိုက်သည်။

" မင်းကို ဘယ်သူပြောတာလဲ
မဟုတ်ပါဘူး အဲ့ကောင်မပြောသလို
မဟုတ်ဘူးမလား ချိုသဲ ..."

ထိုအခါ ၀တ်ရည်'က ချိုသဲ'ဘက်က ပါပြီး
ဖြူဖွေး'ပြောတာကို မဟုတ်ဘူးဟု
ကာပြီးငြင်းဖို့လုပ်လေသည်။ သို့သော်
ချိုသဲကတော့ ...

" ဟုတ်တယ် ငါအမေက ထောင်ထဲမှာပဲ
မင်းပါးစပ်ကနေ နောက်တစ်ခါ ငါ့အမေအကြောင်း
ထပ်ပြောရင် ငါ့ကိုကိုကို ခေါ်ပြီး မင်းရဲ့အာချောင်တဲ့
ပါးစပ်ကို ညိုမဲသွားအောင် ထိုးခိုင်းမယ် အဲ့ဒါကို
နင်မှတ်ထား ဖြူဖွေး'..."

ချိုသဲ'ထိုသို့ ပြောလိုက်တော့ သူငယ်ချင်းကို လိုက်ပြီး
အပုတ်ချ မကောင်းပြောချင်ခဲ့သည့် ဖြူဖွေးတစ်ယောက်
ကြောက်အားလန့်အားဖြစ်သွားလေတော့သည်။

" ကျေနပ်လိုက်တာ အဲ့ကောင်မက နာမည်နဲ့မလိုက်အောင်
ကို အကျင့်တအားယုတ်တာပဲ ၊ ဟီးးးးအားရတယ် "

" ၀တ်ရည် ' နင်ကလေ ငါ့ကို လူမိုက်အားပေး
လုပ်နေတာလား ဟမ် ... ငါနင့်ကို ယောင်းမ
တော်ရမှာတောင်ခပ်ကြောက်ကြောက် ဖြစ်လာပြီ"

" ငါနင့်ယောင်းမ မဖြစ်ချင်ပါဘူးနော် ပြီးတော့ နင့်
ကိုကိုကိုလည်း ငါ့မှာ စိတ်မ၀င်စားပေါင် ..."

" ဒါဆို နင်ဘာလို့ငါ့အပေါ် အရမ်းကောင်းနေရတာလဲ
ကိုကို့ကြောင့်မဟုတ်ဘူးဆိုရင် ဘယ်သူ့ကြောင့်လဲ
ပြောပြစမ်းပါအုံး မဟုတ်မှလွဲရော နင်ငါ့ကိုများ ကြိတ်..."

" ဟာ တော်တော့ကွာ မဟုတ်တာတွေ ..."

ထိုသို့ စနောက်ပြီးပြောလာသည့် ချိုသဲ'ရဲ့
နှုတ်ခမ်းလေးကို ၀တ်ရည်က သူလက်သေးသေး
တွေနဲ့ မီတမီလေး လှမ်းကာ ပိတ်ပစလေသည်။

" ဟားဟားးး သွားမယ် မြန်မြန်လျှောက်တော့
မင်းကတအားနှေးတာပဲ အတန်းကစနေပြီထင်တယ်
နော် ဝတ်ရည် "

မုန်းပါတယ်ဆိုခင်ဗျားကိုDonde viven las historias. Descúbrelo ahora