Part 25

3.4K 239 29
                                    


ပျိုး


အပိုင်း (၂၅)


#ပျိုး


08211254


"ပန်းဖြူ..."


မေလေး မှာ အလုပ်လုပ်နေရင်း ဒင်း ငြိမ်နေပါတယ် တွေးမိကာ သတိ၀င်ပြီး ပြေးတက်လာကြည့်မိတာ..။


ထင်တဲ့အတိုင်းပါပဲလား..။


မေလေး ကို တွေ့တော့မှ လက်ထဲက ဂါ၀န်ကို အနောက်ကို ကပျာကယာ ဖွက်လိုက်ပြီး မျက်လုံးဝိုင်းတွေနဲ့ ပြူးကြည့်နေသည်။


"ကုန်ပါပြီ...ကုန်ပါပြီဟယ်..."


သူ့အဘွား ဟိုနေ့ကမှ ၀ယ်ပေးလိုက်တဲ့ ဂါ၀န် အသစ် က ပုလဲလုံးလေးတွေကို သွားနဲ့ကိုက်ဖြုတ်ပြီး ဘေးမှာ ပုံထားတာက အပုံလိုက်...။


ရှေ့ဇာပါးလေး တစ်ခုလုံး ကိုက်ဖဲ့ထားလို့ အပေါက်တွေ ဖြစ်ကုန်တော့ မေလေး မှာ နမျောသလို ဒေါသလည်း ထွက်ရပါသည်။


"တောက်...နင့်ကို ဒီအကျီ င်္ ကိုင်ခိုင်းလား...ကိုင်ခိုင်းလား..."


လက်ကနေ ဆွဲမြှောက်ပြီး တုတ်မရှာတော့ပဲ လက်နဲ့ပဲ တင်ပါးကို လေးချက်လောက် ရိုက်ပစ်လိုက်သည်။


"အီး....မာမား...နောက်လုပ်တော့ပါဘူး..."


"ရိုက်ပြီဆို နောက်မလုပ်ဘူး....ဂါ၀န် အသစ်ကုန်ပြီ...နေဦး...တုတ်ဘယ်မှာလဲ...."


"ကလင်...ကလင်..."


"နင် နေဦး...ငါ ပြန်လာမှ ထပ်တွေ့မယ်..."


မေလေး တုတ်ရှာနေချိန် ဆိုက်ကားဘဲလ်သံကြားရတော့ ဒေါသကို မြိုချပြီး အိမ်ရှေ့ဘက်ကို ထွက်သွားရသည်။


"ခြံထဲ တစ်ခါတည်း ထည့်မှာနော်...ဦးလေး..."

ပျိုးNơi câu chuyện tồn tại. Hãy khám phá bây giờ