Part 41

5K 463 55
                                    


ပျိုး


အပိုင်း (၄၁)


#ပျိုး 


10030257


"ငွေရှင်းပေးလိုက်မယ်လေ..."


"ရတယ်...ရတယ်...အေးဆေးပေါ့...ပြောရမဲ့ လူတွေမှ မဟုတ်တာပဲ..."


"ကျွန်မ အားနာလို့ပါ..."


"အစ်ကို တနေရာသွားစရာ ရှိလို့...အပြန်မှ ၀င်ယူမယ်လေ...ငွေတွေသယ်မသွားချင်လို့..."


"သြော်..ဟုတ်ကဲ့..အချိန်မရွေး လာယူလို့ ရတယ်နော်...ကလေးမလေး ကို ပြောထားတယ်...အစ်ကို..."


"မသိရင် နှင်နေတာကျနေတာပဲကွာ..."


"အဲလို မဟုတ်ပါဘူး...အားနာလို့ပါ အဟင်း.."


"ကဲ...သွားမယ်..."


"ဟုတ်ကဲ့..."


"မြတ်နိုး..."


"ဟင်..."


ဆိုင်ကယ်မောင်းထွက်သွားတော့မှ စွမ်းရည် မျက်မှောင်ကြုတ်ရင်း ဆိုင်ထဲ ၀င်သွားတော့ ပြုံးလက်စဖြင့် လှည့်ကြည့်တာ ရင်ထဲ မီးတောက်သွားရသည်။


"ဘာဖြစ်နေတာလဲ..."


"ဟင်..."


"ဘာလို့ အဲလောက် သွားဖြဲရယ်ပြနေတာလဲ မေးနေတာ..."


"ဟမ်..."


စွမ်းရည်ကို နားမလည်သလို မျက်ခုံးတွန့်ရင်း ဟမ်နေတော့ လက်မောင်းကို ဆွဲပြီး အနားကို ကပ်ခိုင်းလိုက်ရသည်။


"အဲ့ကောင် ဘယ်သူလဲ..."


"ပစ္စည်းလာရောင်းတဲ့လူလေ..."


"တောက်...ငါ မကြိုက်ပါဘူးကွာ...လုံး၀ ကို မကြိုက်တာ..."

ပျိုးWhere stories live. Discover now