Part 49

4.4K 298 46
                                    


ပျိုး


အပိုင်း(၄၉)


#ပျိုး


11161244


"ပါပါး...ဒီအရွက်က တူလား...ကြည့်ပါဦး.."


"အင်း...မတူဘူးလေ...သမီးရဲ့..သူက အဝိုင်းလေ....ဒီမှာက ချွန်ချွန်လေး.."


"ဟုတ်တယ်နော်...."


"ပါပါး..Look...That..Same?"


စွမ်းရည် မျက်နှာတည်သွားပေမဲ့လည်း သမီး က ရှေ့မှာ ရှိနေတော့ ခေါင်းရမ်းပစ်လိုက်သည်။


တူနေလည်း မတူဘူးပဲ..။


အတော်လေးကို အမြင်ကပ်နေတာ..။


ပါပါး အခေါ်ခံရတိုင်း ခေါင်းကျိန်းသလို ခေါင်းကိုက်သလိုပဲ ခံစားရသည်။


သားနဲ့ သူ့အမေကတော့ ပျော်ပွဲစားဆိုပြီး ခင်းကျင်းထားတဲ့ အစားအသောက်ဝိုင်းမှာ ကလေးတွေနဲ့ တူတူ စားသောက်နေကြသည်။


သမီးတို့ အတန်းကလည်း အဖွဲ့လိုက် ပရော့ဂျက်ဆိုတော့ အကုန်လုံး စိတ်ထက်သန်နေကြသည်။


သစ်ပင်နေ့အတွက် ကျောင်းက ပေးလိုက်တဲ့ စာအုပ်ထဲမှာ ပါတဲ့ သစ်ရွက်နဲ့ အပင်က သစ်ရွက် အစစ် တွဲရတာမျိုးမို့ ကလေးအားလုံး တက်တက်ကြွကြွနဲ့ သစ်ရွက်လေးတွေလည်း လိုက်ရှာနေကြသည်..။


စွမ်းရည် လည်း အလုပ်ပိတ်ရက်ဖြစ်နေတော့ သမီး မျက်နှာမငယ်ရအောင် ကလေးတွေအတွက် အစားအသောက်စီစဉ်ပြီး မိသားစုလိုက် အတူတူ လာခဲ့ရတာ..။


"ဖြူဖြူ....U Like Green?..."


"No..."


စွမ်းရည် အသံကြားတာနဲ့ မျက်မှောင်ကြုတ်သွားမိသည်။

ပျိုးWhere stories live. Discover now