Part 54

3.9K 268 11
                                    


ပျိုး


အပိုင်း (၅၄)


#ပျိုး


111802323


"တ...တကယ်လား..မေကြီး..ဘယ်...ဘယ်သူနဲ့လဲ..."


"မေကြီး မွေးစားသား အောင်ထွန်းနဲ့..."


"ဟယ်..ဦးထွန်းထွန်းနဲ့ပေါ့..."


မေလေးမှာ လုံး၀ မထင်ထားလို့ ဖုန်းပြောရင်း မျက်လုံး ပြူးသွားပေမဲ့ မေကြီးက ရယ်နေသည်။


"အဟင်း..ဟုတ်တယ်...ဒီတိုင်းလည်း မေကြီးက အလုပ်တော်တော်များများ ကို သူတို့နှစ်ယောက်နဲ့ပဲ လွဲထားရတာပဲလေ..."


မေကြီး ရုတ်တရက်ကြီး စီစဉ်တာကို မေလေးမှာ အတော်လေး အံသြနေရသည့် အခြေအနေပါ..။


ဦးထွန်းထွန်းကလည်း အိမ်မှာ ငယ်ငယ်ကတည်းက နေတာ ဆိုပေမဲ့ အန်တီကျော့က ဘယ်ယောက်ျားမှ စိတ်၀င်စားတာ မဟုတ်ဘူး..။


သူမယူချင်ပါဘူးလို့ ပြောထားတာ မေလေးတို့လည်း ကြားပြီးသားမို့ သနားနေမိသည်။


"အန်တီကျော့ က လက်ခံရဲ့လား မေကြီးရယ်..."


မေလေး မှာ အန်တီကျော့ကို ကိုယ့်အမေနဲ့မခြား သံယောဇဉ် ရှိတော့ စိတ်ပူမိပါသည်။


"ကျော့ ကတော့ ငြင်းတာပေါ့..ဒါပေမဲ့ သူ့ကို စ်ိတ်မချဘူးလေ....ညီမဆိုတာထက် ကိုယ့်သမီးလေးလို မွေးထားတာဆိုတော့ အသိုင်းအဝုိင်းကြီးတွေနဲ့ဆိုရင်လည်း ကိုယ့်ညီမ အကြောင်း ကိုယ် အသိဆုံးလေ...အဟင်း..ကျော့က စိတ်ထားကောင်းပေမဲ့ အပြောကျ ဆိုးတယ်...အလိုလိုက်ထားတော့ နည်းနည်းလည်း ဆိုးချင်သေးတယ်...အသက်ကလေးကလည်း ရလာပြီဆိုတော့ အားနည်းချက်လို အနှိမ်ခံရမှာလည်း စိုးရတယ်လေ...အဲတော့ အဆင်ပြေမဲ့လူ သူ့ဒဏ်ခံနိုင်မဲ့လူကတော့ သူနဲ့ပဲ အမြဲအလုပ်လုပ်နေရတဲ့ အောင်ထွန်းပဲ တွေ့တော့တယ်..."

ပျိုးWhere stories live. Discover now