" ကျနော်က အချိန်မှန်မှသဘောကျတာ။ တစ်ရက်တက်၊ တစ်ရက်ပျက်ဆိုလည်း အဆင်ပြေမှာ မဟုတ်ဖူး။
ပြီးတော့ အတင်းအကျပ်လုပ်ခိုင်းရတာကိုလည်း စိတ်မပါဘူး။ ကျနော်မကြိုက်တာရှိရင်လျစ်လျူရှုပြီးနေတတ်လို့ အန်တီတို့အဆင်ပြေပါ့မလား"
ခြံဝင်းထဲဝင်လိုက်ရုံနဲ့ ကြားလိုက်ရတဲ့ စကားသံသဲ့သဲ့။
အပေါ်စီးကပဲပြောနေသည့်သူ့အသံကြောင့်ဒီလူကအလာသားလို့တော့ စိတ်ထဲခပ်ကြိတ်ကြိတ်မှတ်ချက်ပေးမိသည်။
ချန်းယောလ်တို့ဝင်လာသည့်တိုင်အောင်လည်ပြန်တစ်ချက်မကြည့်ပဲကျောပေးထိုင်မြဲအတိုင်း ထိုင်နေသည့်သူက အိမ်ဝင်းထဲသို့ ဝင်လာသည့်သူများဟာ သူနဲ့လားလားမျှ မဆိုင်သည့်အလား။
ပိုင်ရှင်က အရေးမလုပ်တုတ်တုတ်မျှ မလှုပ်ပေမယ့်ခြံဝင်းထဲသို့ ကျူးကျော်ဝင်ရောက်မိသည့်ခြေထောက်များက အလိုက်တသိပင်ထိုသူနှင့်မျက်စောင်းထိုးတွင်ရှိနေသော အရိပ်ရအပင်အောက်တွင်စီးလာသော စက်ဘီးကို ရပ်စေခဲ့သည်။
သို့ထိတိုင်ဖိတ်မန္တကမပြုအားသေးသည့်ထိုသူ့ကြောင့်ချန်းယောလ်မဆိုစလောက်သောဒေါသစိတ်ကလေးပေါ်လာခဲ့ရသည်ကိုတော့ အသိအမှတ်ပြုရမည်ပေ။
အိုးကမပူပဲ စလောင်းကပူဆိုသည့်စကားအတိုင်း ဧည့်သည်အမျိုးသမီးက ထိုသူ့နောက်တွင်ရိုရိုကျိုးကျိုးကျိုးရပ်နေသော ချန်းယောလ်တို့ကို မြင်သည့်နောက်အလိုက်တသိနေရာမှ ထကာ ပြန်တော့မည့်အကြောင်း စကားဆိုလာခဲ့သည်။
ထိုအမျိုးသမီးနေရာက ထွက်သွားမှ သစ်ပင်ရိပ်အောက်တွင်အဆင်သင့်ချထားသော ထိုင်ခုံတန်းကို လက်ညှိုးညွှန်ပြရင်း ချန်းယောလ်တို့ဘက်သို့ ထိုသူဦးလှည့်လာခဲ့သည်။
"ဒီမှာ ထိုင်ရမှာ..."
ဆယ်ယောင်းကိုသာ အသိအမှတ်ပြုသည့်ပုံနှင့်ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရင်း ချန်းယောလ်နှင့်ဆယ်ဟွန်းဘက်သို့လေညှင်းတစ်ချက်တိုက်ခတ်ရုံမျှစောင်းငဲ့ကြည့်ပေးခဲ့တဲ့ထိုသူ။
YOU ARE READING
ဘယ် လို လဲ....ဒေ စီ
Randomရှင်သန်ရတဲ့ရည်ရွယ်ချက်တိုင်းက ခင်ဗျားလေးအတွက် ဖြစ်နေရလိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မယဉ်ခဲ့ဖူးသလို၊ အိပ်မက်ထဲလည်း ထည့်မမက်ခဲ့ဖူးတာ...