"မင်းတို့ viber သုံးကြလား"
အနည်းငယ် ရင်းနှီးလာပြီဟုထင်ရသော လဝက်ခန့်အကြာ စာသင်ဝိုင်းတွင် မေးလာသော ဂိုက်ဆရာလေး။
ချန်းယောလ်တို့ သုံးယောက်လုံး တစ်ညီတစ်ညွတ်တည်း ခေါင်းယမ်းပြမိလိုက်သည်ထင်သည်။
ခပ်ထူထူနှုတ်ခမ်းဖူးလေးကို ဆူချွန်ရင်း ဂိုက်ဆရာလေးက မကျေနပ်ဟန်ပြလာခဲ့လေသည်။
နက်မှောင်နေသော မျက်ခုံးလေးတွေကိုပါ စုကျုံ့ကာ အပြင်းအထန် စဉ်းစားခန်းဝင်ထားရသော ဂိုက်ဆရာလေးက နောက်ဆုံးတွင်
"မရှိတော့လည်း ဖောက်လိုက်ပေါ့ကွာ။ ဘာမှ မခက်ပါဘူးနော..."
ဆိုသော စကားကို လေသံအေးအေးလေးနှင့် ပြုံးရယ်ကာ ပြောလာတော့ ချန်းယောလ် အလိုလိုပင် ခေါင်းငြိမ့်ပြမိသည်။
ချန်းယောလ်နည်းတူ ဆယ်ဟွန်းကလည်း ခေါင်းငြိမ့်ကာအဖြေပေးလာသည်မို့ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ဂိုက်ဆရာလေးက ကျေနပ်မှုကို ပြသည်။
နဂို ပြုံးရယ်နေသော မျက်နှာသေးသေးလေးက စိတ်ကျေနပ်မှုကြောင့်ထင်ပါသည် မျက်လုံးလေးတွေကအစ လခြမ်းငယ်တွေလို ကွေးညွတ်ကာ ပြုံးလာတော့ ချန်းယောလ် အမြန် မျက်နှာလွှဲမိပါသည်။
ဘာကြောင့်ရယ်မသိ ဂိုက်ဆရာလေးက viber ph no. ကို ချရေးခိုင်းတော့လည်း ချန်းယောလ်၏ လက်ရေးများက ပုစိနကွေး သေးသေးလေးတွေ ထပ်ဖြစ်လာပြန်သည်။
ထို့ကြောင့် အံတင်းတင်းကြိတ်ကာ တုန်ရီနေသော လက်ကို ထိန်းရင်းရေးလိုက်တော့ 09- မှလွဲလျှင် ကျန်သည့်နံပါတ်များက သိသိသာသာ သေးနုပ်နေခြင်းမရှိတော့ပေ။
ဆယ်ဟွန်း၏ ခပ်ကြီးကြီး လက်ရေးအောက်နားတွင် ကပ်ကာ ရေးထားမိသည့် လက်ရေးသေးသေးလေးတွေအား ခပ်တိုးတိုး ကျိန်ဆဲရင်း ပြန်ဖျက်ပြီး ပြင်လိုက်ရကောင်းမလားဟု ချန်းယောလ် တွေးလိုက်မိသေးသည်။
YOU ARE READING
ဘယ် လို လဲ....ဒေ စီ
Randomရှင်သန်ရတဲ့ရည်ရွယ်ချက်တိုင်းက ခင်ဗျားလေးအတွက် ဖြစ်နေရလိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မယဉ်ခဲ့ဖူးသလို၊ အိပ်မက်ထဲလည်း ထည့်မမက်ခဲ့ဖူးတာ...