ချန်းယောလ်တို့ စာသင်ဝိုင်းစတာ တစ်လပြည့်ဖို့ သုံးရက်လိုသော နေ့တွင် ဂိုက်ဆရာလေး၏ စိတ်အခြေအနေသည် သိသိသာသာ အဆင်ပြေမနေခဲ့ချေ။
ပြိုတော့မည့်မိုးလို စိတ်အခြေအနေကို အပြုံးမပျက် ဟန်လုပ်နေပေမယ့် ဂိုက်ဆရာလေး မပျော်တာကို ချန်းယောလ် အလိုလို ခံစားမိသည်။
ဂိုက်ဆရာလေး၏ မျက်နှာချင်းဆိုင်နေရာတွင် ရပ်ပြီး ချန်းယောလ်၏ ပခုံးသာသာရှိသော ခန္ဓာကိုယ်လေးကို ထွေးပွေ့ကာ ကျောပြင်ငယ်ကို ခပ်ဖွဖွပွတ်၍ စိတ်အေးသက်သာစေရန် ချန်းယောလ် ဖြေသိမ့်ပေးချင်မိသည့်စိတ်က တဖွားဖွား။
သို့သော် စိတ်ကူးနှင့် လက်တွေ့ မကျနိုင်သည့် ခဏတွင် ပြဿနာ၏ အဓိက လက်သည်ဖြစ်သောသူကိုသာ ကြိတ်ကာ မေတ္တာပို့မိသည်။
ဂိုက်ဆရာလေးကို စိတ်မပျော်အောင်လုပ်သည်က တခြားသူတော့မဟုတ်။
ချန်းယောလ်၏ ဘေးတွင် အရိပ်မသိ၊ အကဲမသိနှင့် ထိုင်နေသည့် ဆယ်ဟွန်းပင်။
"Hyung ကျနော် ကျူရှင် ပြောင်းချင်လို့ရလား"
ဂိုက်ဆရာလေး၏ အိမ်သို့ ရောက်ကာ စာ စသင်သည့်အချိန်တွင် ဆယ်ဟွန်းက ကျူရှင်အသစ်ကို ပြောင်းတော့မည့်အကြောင်းကို ပြောလာတော့ ဂိုက်ဆရာလေး မျက်နှာတစ်ချက်ပျက်သွားခဲ့သည်။
ဆယ်ယောင်းနှင့် ဆယ်ဟွန်းတို့နှစ်ယောက်လုံး သတိထားမိဖို့ရာအထိ အချိန်မကြာလိုက်ပေမယ့် ဂိုက်ဆရာလေး၏ အပြုအမူများကို အချိန်ပြည့် အကဲခတ်နေသော ချန်းယောလ်ကတော့ မြင်ဖြစ်အောင်ကို မြင်လိုက်ရသည်။
"ရတယ်လေ။ ပြောင်းပေါ့.... ကျူရှင်အသစ်ရော ရှာထားပြီးပြီလား"
အနည်းငယ်တုန်ရီနေသည့် အသံကို ထိန်းကာ ဆယ်ဟွန်းကို မေးလိုက်သည့် ဂိုက်ဆရာလေးကို ချန်းယောလ် နည်းနည်းတော့ မေးကြည့်ချင်မိသည်။
YOU ARE READING
ဘယ် လို လဲ....ဒေ စီ
Randomရှင်သန်ရတဲ့ရည်ရွယ်ချက်တိုင်းက ခင်ဗျားလေးအတွက် ဖြစ်နေရလိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မယဉ်ခဲ့ဖူးသလို၊ အိပ်မက်ထဲလည်း ထည့်မမက်ခဲ့ဖူးတာ...