့ချန်းယောလ်၏ ဂိုက်ဆရာလေးသည် အနေတည်သလိုနဲ့ ချန်းယောလ်ကို စိတ်အနှောင့်အယှက်ပေးရသည်ကို အတော်သဘောခွေ့နေပုံရသည်။
အခုလည်း ဘယ်ပုံက ဘယ်လိုစလိုက်မှန်းမသိသည့် စကားဦးကြောင်းက ချန်းယောလ်အား psycho test စစ်ရန် ညွှန်းလာသည်တဲ့။
"ဟုတ်....အိမ်ပြန်ရောက်ရင် စစ်ကြည့်လိုက်မယ်လေ"
ချန်းယောလ် ခပ်ရွဲ့ရွဲ့လေးဆိုလိုက်တော့ website link ကိုပါ ချရေးပေးလာသော ဂိုက်ဆရာလေး။
တစ်ဆိတ် ဒိုဂျောင်ဆူးဆိုသည့် ချန်းယောလ်ရဲ့ ဂိုက်ဆရာလေးက သူ့ကို ရွဲ့ဖြေနေတယ်ဆိုတာကို မရိပ်မိနိုင်အောင်ကို တုံးအလွန်းတာလား။
ဒါမှမဟုတ် သိ,သိလျက်နဲ့ တမင် ချန်းယောလ်ကို လာကြပ်နေသည်လား။
ဒိုဂျောင်ဆူး....မှန်သည်။ ချန်းယောလ်၏ မျက်စောင်းထိုးအရပ်တွင် အမြဲထိုင်သည့် ချန်းယောလ်၏ ဂိုက်ဆရာသေးသေးလေး၏ အမည်နာမသည်က ဒို ဂျောင် ဆူး...
ထိုနာမည်လေး သုံးလုံးကိုပင် အပြောခက်နေခဲ့သော ဂိုက်ဆရာသေးသေးလေးကြောင့် နာမည်တစ်ခုသိရဖို့အရေး ချန်းယောလ် ပေးဆပ်မှုအကြီးစားကြီး တစ်ခုလုပ်ခဲ့ရသေးသည်။
အိမ်တွင်း အခန်းအောင်းရသည်ကို နှစ်သက်သည့် ပတ်ခ်ချန်းယောလ်က ဂိုက်ဆရာသေးသေးလေး၏ အမည်နာမကို ထုတ်ဖော်သိရှိရန် အဖွားဘေးနားတွင် ရစ်သီရစ်သီလုပ်ရင်း စာကြည့်ခဲ့ရ၏။
ပုံမှန်ဆိုလျှင် အခန်းတွင်း၌ပင် စာကျက်သော ချန်းယောလ်က အိမ်ရှေ့တွင် လျှောက်ပြန်သံပေးကာ လမ်းသလားရင်း စာကျက်တော့ အဖွားက စာလိုက်နိုင်လား၊ အဆင်ပြေရဲ့လားဖြင့် မေးလာခဲ့သည်။
လိုချင်သည့် အကွက်ထဲသို့ အဖွားဝင်လာတော့ မတော်တဆ စကားစပ်မိသည့် သဘောဖြင့် ဂိုက်ဆရာသေးသေးလေး၏ မိခင်က ချန်းယောလ်တို့ မိသားစုအကြောင်း အသေးစိတ်မေးမြန်းသည်ကို ပြောပြဖြစ်သည်။
YOU ARE READING
ဘယ် လို လဲ....ဒေ စီ
Randomရှင်သန်ရတဲ့ရည်ရွယ်ချက်တိုင်းက ခင်ဗျားလေးအတွက် ဖြစ်နေရလိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မယဉ်ခဲ့ဖူးသလို၊ အိပ်မက်ထဲလည်း ထည့်မမက်ခဲ့ဖူးတာ...