@ Unicode Ver @
•
•
••••••
ဝမ်ရိပေါ် ဝေ့ရင်းတို့ရွာတွင် သောင်တင်နေသည်မှာ ရက်၂၀ပင်ရှိပြီဖြစ်၏။
သူကိုယ်တိုင်မှလဲ ဒီရက်အတွင်း ဘာမှမလုပ်ပါ။အိပ်လိုက်စားလိုက်ဖြင့် ဇိမ်ကျနေမိသည်။
ဝေ့ရင်းကလည်း မငြိုမငြင်တင်ကျွေးရှာပါသည်။
အခုလဲ နေပူကျဲကျဲတွင် ဝေ့ရင်းသည် မြေကြီးများတူစွနေ၍ သီးပင်စားပင်တို့စိုက်နေပြန်သည်။ရွှေမင်းသားလေးရိပေါ်သည် အရိပ်ရသည့်နေရာတွင်နေ၍ ဝေ့ရင်းအားငေးကြည့်လို့နေ၏။ ဝေရင်းသည် ဘယ်ကကြည့်ကြည့် ညာကကြည့်ကြည့် စာသင်သားတစ်ဦးနှင့် နည်းနည်းကလေးမှမတူပေ။
ဝေ့ရင်းနှင့်ပတ်သက်၍ ရိပေါ်သည် ရင်းနှီးဟန်ရှိသော်လည်း မှတ်ဉာဏ်ထဲ နည်းနည်းလေးမှ ပေါ်မလာ။
" ဝေ့ရင်း.."
ဒီရက်အတွင်း အိမ်တွင်းပုန်းကလေးလုပ်နေသည့် ရိပေါ်သည် အသားအရေများဖြူအု၍ပါးကလေးများလုံးဖောင်းကာနေသည်။
" သခင်လေး ဘာလို့အပြင်ထွက်လာတာလဲ နေပူတဲ့ဟာကို ပြန်ဝင်နေ "
" ဝေ့ရင်းကလဲ ကျွန်တော့်ကို ဝမ်ကျီးလို့ပဲ ခေါ်ပါဆိုတာကို အိမ်ထဲမှာပဲ နေနေတာ ပျင်းနေပြီ "
ဝေ့ရင်းသည် ရိပေါ်အား အပြင်လုံးဝအထွက်မခံဘဲ အမြဲအိပ်လိုက်၊စားလိုက်သာလုပ်စေချင်ပုံပေါ်သည်။
ဆူပုပ်ပုပ်ကလေးပြောလိုက်တော့ မနိုင်ဘူးဆိုသည့်အကြည့်တို့ဖြင့်။
ယောင်္ကျားကောင်းတစ်ယောက်သည် တစ်စုံတစ်ခုအား အာရုံစိုက်နေသည့်အချိန်သည် ကြည့်အကောင်းဆုံးအချိန်ဖြစ်သည်။
ဝေ့ရင်းအား ငေးကြည့်နေရာမှ..
" ဝေ့ရင်း ခင်များကလေ သူရဲကောင်းစစ်သူကြီးတို့လို ခန္ဓာကိုယ်အချိုးအစားနဲ့ စာပေတွေလေ့လာတဲ့သူနဲ့ ဘယ်လိုကြည့်ကြည့် တူကိုမတူတာ "
" ဗျာ..!! တကယ်လား.. ဟဲဟဲ... သခင်လေး.. အဲ့ ဝမ်ကျီး တကယ်ပြောတာလား.. ကျွန်တော်မျိုးက ငယ်ငယ်ကတည်းက စစ်သူကြီးဖြစ်ချင်တာဗျ.. ဝမ်ကျီးပြောမှ ကျွန်တော်မျိုး မြှောက်တက်တော့မယ်..ဟဲ ဟဲ "
YOU ARE READING
ကြင်ယာတော်ကောဝမ် ( Completed )
FanfictionHappy Birthday Dear Wang 💖 Start - 04-11-2022 End -06-11-2022 #05081997 #K