( 4 )

2.5K 231 56
                                    


@ Unicode Ver @

_

__

" သခင်လေး ဒီနေ့အစားနည်းသလိုပဲ နေမကောင်းဘူးလား.."

ထမင်းစားပြီး၍ ညဘက်တွင် သူနှင့်အတူ ထိုင်ကာ ဘာရယ်မဟုတ် ရောက်တက်ရာရာများပြောကြ၍ စကားဖောင်ဖွဲ့‌လေ့ရှိသော်လည်း ယနေ့တွင် သခင်လေးဘက်မှ တိတ်နေသည်မို့ နေမကောင်းသည်ထင်၍ နှဖူးပြင်အား စမ်းရန် လက်ရွယ်လိုက်သော်လည်း ရှောင်ထွက်သွားသည်။

ဝေ့ရင်းမှာ ရုတ်တရက်မို့ ကြောင် အ သွားသည်။

သခင်လေးသည် ယခင်က ထိုသို့မဟုတ်ပါ။

" ဟို.. သွားအိပ်တော့မယ် ကောင်းသောညပါ ဝေ့ရင်း.."

ရှစ်ယင်းနှင့်ပိုင်လီတို့၏ ပုံရိပ်များသည် ရိပေါ် မျက်လုံးထဲက မထွက်သည်မို့ ရုတ်တရက်မို့လန့်ကာ ရှောင်ဖယ်မိလိုက်သည်။
ဝေ့ရင်းဘက်မှ ဘယ်လိုထင်ကြသလဲ မသိသော်လည်း ရိပေါ်သည် သူ၏အတွေးလွန်မှုများကြောင့် အရှက်ကြီး ရှက်နေပြီဖြစ်သည်။

သခင်လေးဘက်မှ သူ့အား ရှောင်ဖယ်ရှောင်ဖယ်လုပ်နေသည်မှာ ဆယ်ရက်မကတော့ပေ။ အကြောင်းပြချက်ရေရေရာရာမရှိပါဘဲ ရှောင်ဖယ်ခံနေရသည်မို့ ဝေ့ရင်းစိတ်မကောင်းဖြစ်မိသည်။

အရင်က ဘာစားချင်တယ်၊ညာစားချင်တယ်နဲ့ ချွဲတက်သည့်ကြောင်ပေါက်ကလေးလိုသခင်လေးသည် ယခုတော့ ခွေးပေါက်ကလေးလို ငြိမ်ကုပ်နေပြန်တယ်..

မေးလဲ မမေးရဲ၊ စိတ်ဆိုး၍ သခင်လေး ထွက်သွားမှ သူတစ်ယောက်တည်းကျန်ခဲ့ပေဦးမည်။

ရိပေါ်သည် ဒီရက်ပိုင်းတွင် ဝေ့ရင်းအား ရှောင်ဖယ်ကာ မတွေ့မိအောင်ရှောင်သည်။

အကြောင်းပြချက်သည်ကား သူ၏ပေါက်ကရအတွေးများကြောင့်ပင်။

ပိုင်လီသည် နေ့တိုင်းလိုလိုနှုတ်ခမ်းများဖူးယောင်နေသည်အား သတိထားမိပါသော်လည်း ဘယ်သူကြောင့်လဲသိနေ၍ မမေးဖြစ်ပါ။

သမားတော်ရှစ်ယင်းနဲ့သူ့သူငယ်ချင်းလေးပိုင်လီဟုန်ရိတို့၏ဆက်ဆံရေးအား ရိပေါ် တကယ်ပဲ သိချင်ပါသည်။

ကြင်ယာတော်ကောဝမ် ( Completed )Donde viven las historias. Descúbrelo ahora