(9)

2.4K 209 45
                                    

Unicode Ver





____

ကြားလိုက်သည်က မမှားနိုင်..

ပထဝီမြေကြီးပေါ်တွင် ကောဝမ် ဟူ၍ တစ်ဦးတည်းသာရှိ၏။

တကယ်ပဲ.. တကယ်ပဲ ကြင်ယာတော်လေးနှင့် နာမည်တူလေသလား..

တကယ်ပဲ  ကြင်ယာတော်လေးလား..

မျက်နှာဖုံးပွဲတော်သည် လုံထျန်းပြည်၏ နာမည်ကြီးပွဲတော်တစ်ခုပေမို့ အနယ်နယ်အရပ်ရပ်မှ လူများ လာရောက်ဆင်နွှဲကြ၏။

ဘယ်လောက်များပြားသည့်လူများရှိနေပါစေ.. သူ၏ကြင်ယာတော်ကလေးနှင့် အမည်တူတစ်ယောက်ကိုပင် တွေ့ရစေကာမူ ရှောင်းကျန့်သည် ရှာဖွေရန်အသင့်။

မြို့ရိုးတံခါးအား လုံခြုံရေးတင်းကြပ်စေ၍ လုံထျန်းပြည်၏ အဝင်အထွက်အား သေချာစောင့်ကြည့်စေလေသည်။

စစ်သည်ရဲမက်တို့၏အင်အားသုံးကာ ရှာဖွေလေတော့သည်။

နေ့စဉ်ရက်ဆက်အထိ ရှာဖွေနေသော်လည်း နယ်ခြားမှသူများသာ ကုန်၍ကုန်၍ သွားသည် ကြင်ယာတော်ငယ်နှင့် နာမည်တူသူပင် မတွေ့ခဲ့ရပါလေ။

ရှာဖွေမှုကြီးအား စတင်နေသည်မှာ ၁၀ရက်တိတိရှိပြီးဖြစ်သည်။

အချိန်ကြာလေပြီမို့ ခန့်အပ်ထားသော ရဲမက်တို့သည် တာဝန်အား ပေါ့ပျက်ပျက်သာ ထမ်းဆောင်နေတော့သည်။

ရှဲ့ယွင်တို့သည် မျက်နှာဖုံးပွဲတော်ကြီးပြီးသည်မို့ ရောင်းချရန်၊စုဆောင်းရန် ကုန်များသည်လည်း ကုန်သလောက်နီးပါးဖြစ်နေပြီမို့ ရွာပြန်ရန် လှည်းတပ်များပြင်ဆင်ရသည်။

မြို့တံခါးအထွက်တွင် အခက်တွေ့နေချေသည်။

လည်းပေါင်းများစွာဖို့ အချိန် ငါးနာရီခန့်နီးပါးကုန်မည်ဖြစ်သည်။

ထို့အတွက် ကျိချုံးတို့သည် အချိန်မပေးနိုင်ပါ။
နမ့်ရှန်ရွာသို့ ယနေ့အမီရောက်ရန်လို၏။

" ယွင်ကော ဘာဖြစ်လို့လဲ.. "

" ဘာမှမဖြစ်ဘူး ဝမ်ဝမ် ကောတို့ကြည့်ဖြေရှင်းလိုက်မယ်.."

" ဟုတ် ဟုတ်.."

ဝမ်ဝမ်သည် လှည်းအထဲမှာတွင်သာနေခဲ့၍ ယွင်ကောတို့ ဖြေရှင်းမည်မို့ ဘာမှ မဆိုလာခဲ့ပေ။

ကြင်ယာတော်ကောဝမ် ( Completed )Donde viven las historias. Descúbrelo ahora