အပိုင်းတွေအောက်ဆုံးမှာNoteရှိပါတယ်။
အရင်ဖတ်ပေးကြပါ။မှန်ကွဲစများနှင့်အတူ ပြန်လည်ရောက်ရှိလာခြင်း
ဆောင်းရာသီ၏ညနက်ပိုင်းတွင်ဖြစ်၏။
Beijingရဲ့နှစ်တိုင်းနှစ်တိုင်းထိုအချိန်အလွန်အမင်းအေးစက်လွန်းလှသည်။Liu Yaowenက ကားရပ်လိုက်ပြီးတော့
အချိန်အတော်ကြာအောင်ကားထဲမှာထိုင်နေသည်။ကားထဲမှအနွေးဓာတ်ပျောက်ကွယ်သွားခါမှသာ ကားထဲကနေထွက်ပြီးအိမ်ထဲကိုဝင်လာ၏။Chongqingနဲ့မတူညီစွာဘဲ Beijingရဲ့အိမ်က တော်တော်လေးနွေးထွေးသည်။ဒါပေမယ့် Liu Yaowenရဲ့Coatအက်ျီကအချိန်အတော်ကြာတဲ့အထိ အချွတ်မခံရသေးဘူး။ဘာလို့လည်းဆိုတော့ Liu Yaowenက မြောက်ဘက်ရဲ့အအေးဒဏ်ကြောင့် ခဲတော့မလိုခံစားနေရလို့ပါ။
Liu Yaowenက အအေးကိုကြောက်ပေမယ့်
တစ်စုံတစ်ယောက်ကတော့ အအေးကိုလုံးဝမကြောက်ခဲ့ပါဘူး။ခဏအကြာမှာဘဲ ဖုန်းသံမြည်လာသည်။
Liu Yaowenက ခေါ်ဆိုသူရဲ့IDကိုကြည့်လိုက်ပြီးနောက်မှာခဏတွေဝေနေပြီးမှ ဖုန်းကိုင်လိုက်သည်။"Wen Ge"
ထိုလူက သူရဲ့လက်ထောက်Xiao Fengဖြစ်သည်။
"Director Zhangက Xin Geကိုအခုဘဲဖုန်းခေါ်တာမနက်ဖြန်မှာ ရုပ်ရှင်ကထုတ်လွှင့်မှာတဲ့
ကျွန်တော်တို့အဲ့နေရာကိုသွားဖို့လိုအပ်တယ်တဲ့"Liu Yaowenရဲ့အသံကမသဲမကွဲဖြစ်နေသည်။
"ဘယ်အချိန်လဲ"
"ရုပ်ရှင်က 6:18မှာစမှာ
ပြင်ဆင်ဖို့အတွက် 3:00လောက်လာခေါ်မယ်လေ""ဟုတ်ပြီ နောက်ထပ်ကိစ္စရှိသေးလား"
Liu Yaowenက ထိုစကားပြောပြီးတော့
ဖုန်းချဖို့ပြင်လိုက်ပေမယ့် တစ်ဖက်မှXiao Fengက
တစ်ခဏတာ မသဲမကွဲပြောလာ၏။Liu Yaowenက နည်းနည်းလေးစိတ်မရှည်ဖြစ်လာသည်။
"မင်းမှာပြောစရာတစ်ခုခုရှိရင်လည်း
ဒီအတိုင်းပြောလိုက်တော့""Xin Geပြောတာက Companyက အခုလောလောဆယ်အစီစဥ်တစ်ခုရှိနေတယ်တဲ့ ပြန်လည်စုံစည်းဖို့နဲ့အဖွဲ့အဖြစ်ပြန်လာဖို့...
Xin Geက ကျွန်တော်ကိုမေးခိုင်းလိုက်တာ
Wen Ge အဲ့ဒါကိုလုပ်ချင်လား မလုပ်ချင်ဘူးလားတဲ့"