Chapter-2(Unicode)

157 9 0
                                    

Companyရဲ့recording studio ထဲမှာအိပ်နေတဲ့Song Yaxuanက မနက် 3:49မှာstaffဆီကနေ
အနှောက်အယှက်ခံလိုက်ရသည်။

ဟုတ်တယ်! မနက်3:49ဘဲ...

Song Yaxuanက သူဘဝမှာအဲ့ဒီအချိန်ကိုမေ့နိုင်မှာမဟုတ်ဘူး။အဲ့ဒီအချိန်က ကောင်းမွန်တဲ့အနာဂတ်ရဲ့ပြိုလဲခြင်းအစဘဲဖြစ်တယ်။

ထိုအချိန်တုန်းက သူကSVထုတ်လွှင့်ပြီးတဲ့နောက်မှာ
​ရလာတဲ့TV Seriesရဲ့ending songတစ်ပုဒ်ကို
အသံသွင်းနေခဲ့တာဖြစ်တယ်။

Recording studioထဲကို ဝင်လာပြီး
သူကိုခေါ်ထုတ်သွားတဲ့လူက သူနဲ့တော်တော်လေးရင်းနှီးတဲ့Staffတစ်ယောက်ဖြစ်တယ်။

သူမကဘာမှမပြောဘဲနဲ့ Laoshiဆီကိုဘဲတိုက်ရိုက်
လျှောက်သွားသည်။Staffက Recording StudioထဲမှLaoshiနဲ့ခဏစကားပြောပြီးတော့ သူကိုဘာမှမပြောဘဲ studioထဲကနေဆွဲထုတ်လာ၏။

အဲ့ဒီအချိန်တုန်းက Song Yaxuanက
သူဘာလို့Studioထဲကနေဆွဲထုတ်ခံလိုက်ရမှန်းမသိခဲ့ဘူး။ပြီးတော့Laoshiက Song Yaxuanကိုကြည့်လိုက် ဖုန်းကိုကြည့်လိုက်နဲ့အလုပ်ရှုပ်ကျန်နေခဲ့တာကိုလည်း သတိထားမိလိုက်သေးသည်။

Song Yaxuanက​studioထဲကနေဆွဲထုတ်ခံလိုက်ရပြီးနောက်မှာ သူလက်မောင်းကိုကိုင်ဆွဲရင်း
အနောက်ကနေလူလိုက်သလိုလမ်းလျှောက်နေတဲ့အမကိုမေးလိုက်သည်။

"ပြသနာရှိလို့လား"

Staffအမျိူးသမီးက အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့
ပြုံးနေလေ့ရှိပေမယ့် ဒီနေ့မှာတော့စိတ်လျော့ပြီးရင်းစိတ်လျော့နေတဲ့အမူအယာနဲ့ သူကိုပြုံးပြလာတယ်။

"ဘာမှမရှိပါဘူး မနက်ဖြန်ကျရင်တော့
ထုတ်ပြန်ချက်ထွက်လာမှာပါ CEO Liကမင်းကိုအိမ်ပြန်နားဖို့မြန်မြန်ခေါ်သွားခိုင်းထားတာ"

Song Yaxuanက ခေါင်းကိုကုတ်လိုက်ပြီး
"ကျွန်တော်မှာ အပြီးသတ်ရမယ့်အလုပ်ရှိသေးတယ်"

Staffက ခဏလောက်တိတ်ဆိတ်သွားပြီး
"Xiao Song Laoshi
အခုအလျင်လိုမနေပါနဲ့"

တကယ်တော့Song Yaxuanက Staffကဘာကိုဆိုလိုတာလဲဆိုတာကိုနားမလည်သလို တစ်ခုခုမှားနေတယ်လို့ခံစားမိပေမယ့် အများကြီးမမေးခဲ့ပါဘူး။

坠欢重拾(Myanmar Translation)Where stories live. Discover now